မြောက်ကိုရီးယားအရေး တရုတ်နှင့်အမေရိကန် ဆွေးနွေး

521
တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ မနေ့က တွေ့ဆုံခဲ့ကြပြီး မြောက်ကိုရီးယားပြဿနာကို ခေါင်းအေးအေးနဲ့ ရှင်းဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။
မြောက်ကိုရီးယားပြဿနာဟာ လမ်းဆုံလမ်းခွကို ရောက်နေပြီဖြစ်ပမယ့် ပဋိပက္ခဖြစ်တဲ့ အဆင့်လောက်အထိ ရောက်သွားလို့ မဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ရီစ် ထီလ်လာဆန် ကို လက်ခံတွေ့ဆုံခဲ့အပြီး တရုတ်နိုင်ငံခြားရေး ၀မ်ရီကပြောဆိုခဲ့တာပါ။
မြောက်ကိုရီးယားနိုင်ငံနဲ့ တင်းမာမှုဟာ အန္တရာယ်ရှိတဲ့အဆင့်ကို ရောက်နေပြီလို့ ၀န်ကြီး ထီလ်လာဆန် ကပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုအထိ လှမ်းပစ်နိုင်တဲ့ နျူကလီးယားဒုံးကျည်ကို စမ်းသပ်နေပြီး ပြီးခဲ့တဲ့တပတ်ကလည်း တိုက်ချင်းပစ်ဒုံးကျည် ၄ စင်းကို ကုလသမဂ္ဂက တားမြစ်ထားတဲ့ကြားက ဂျပန်ရေပိုင်နက်ထဲ ပစ်လွှတ်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ လက်ရှိမြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေဟာ အတော်ကို ဆိုးနေပြီ၊ အဓိကမဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံလည်း ဘာမှ သိပ်မလုပ်နိုင်ဘူးလို့ သူ့ရဲ့ Twitter မှာ ပြောဆိုပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးကတော့ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုတွေ အကောင်အထည်ဖော်တဲ့နေရာမှာ အားလုံးတာဝန်ရှိပြီး ဆွေးနွေးညှိနှိုင်းတဲ့နည်းနဲ့ အဖြေရှာလည်း ဖြစ်နိုင်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။