Homeအာရှဒေသ
ကာလရှည် ကွဲကွာနေတဲ့ မြောက်ကိုရီးယားမှ မိသားစုကို တောင်ကိုရီးယား အမျိုးသမီးကြီးတဦး ရှာဖွေ
ကာလရှည် ကွဲကွာနေတဲ့ မြောက်ကိုရီးယားမှ မိသားစုကို တောင်ကိုရီးယား အမျိုးသမီးကြီးတဦး ရှာဖွေ
DVB
·
December 26, 2011
မကြာခင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ် အသက် ၆၉ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်ကတည်းက လေဖြတ်ရောဂါ ခံထားရပြီး၊ လအတော်ကြာအောင် အများပြည်သူမြင်ကွင်းကနေ ပျောက်နေခဲ့ပါတယ်။ တိုင်းပြည်အတွက် သူချန်ထားခဲ့တဲ့ အမွေတခုကတော့ ကိုရီးယားကျွန်းဆွယ်ရဲ့ နှစ်ဖက်စလုံးမှာ ကွဲကွာနေတဲ့ မိသားစု ထောင်ပေါင်းများစွာ ရှိနေခြင်း ဖြစ်ပါတယ်။ အဲဒီမိသားစုတွေဟာ ကိုရီးယားစစ်ပွဲ ကတည်းကဆိုရင် ကွဲကွာနေခဲ့တာ ဆယ်စုနှစ် ခြောက်ခု ရှိပါပြီ။ ကွဲကွာနေတဲ့ နှစ်ဖက်ဆွေမျိုးတွေကြား ပြန်လည်ဆက်သွယ်တာကို မြောက်ကိုရီးယားက တရားမဝင်ဘူးလို့ သတ်မှတ်ထားပါတယ်။ မိသားစုပြန်လည်ပေါင်းစည်းရေးကိုလည်း လက်မခံပါဘူး။ အခု ကင်ဂျုံအီလ် သေဆုံးတော့မှ တောင်ကိုရီးယားကသူတွေဟာ သူတို့ရဲ့ မြောက်ဘက်မှာရှိတဲ့ ဆွေမျိုးတွေနဲ့ ပြန်တွေ့ဆုံဖို့ အတွက် စိတ်အားထက်သန်နေကြပါတယ်။ တောင်ကိုရီးယားက အသက် ၆၇ နှစ်ရှိ ‘ကင်ယန်းဂျာ’ ဆိုတဲ့ အမျိုးသမီးက သူ့ရဲ့ ကလေးဘဝမှာ ပျောက်သွားတဲ့ မြောက်ဖက်က မိခင်ကို ရှာဖွေဖို့ ကြိုးစားခဲ့ရတဲ့ အကြောင်းတွေကို ဆိုးလ်မြို့ကနေ သတင်းထောက် `ဂျေဆင် စထိုသာ’ (Jason Strother)က သတင်းပေးပို့ထားတာပါ။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ရဲမြင့်ကျော်က ဘာသာပြန်ပြီး ယုယမိုးက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာနားဆင်နိုင်ပါတယ်။