တောင်ခြင်္သေ့က သစ်ပင်ပေါ်က မျောက်မောင်းမကို သဲထိတ်ရင်ဖို ဖမ်းဆီးပုံ (ရုပ်သံ)

အမေရိကန်တောင်ခြင်္သေ့တကောင်က မျောက်မောင်းမ တကောင်ကို သစ်ပင်ပေါ် အကြိမ်ကြိမ်ခုန်တက်ပြီး သဲထိတ်ရင်ဖို ဖမ်းဆီးခဲ့ပါတယ်။ ရုပ်သံဖိုင်ထဲမှာ ခြင်္သေ့ဟာ သစ်ပင်ပေါ် အကြိမ်ကြိမ် တက်ရောက်ပြီး မျောက်မောင်းမကို ဖမ်းဆီးဖို့ ကြိုစားခဲ့တာ တွေ့ရပါတယ်။ နောက်ဆုံးတကြိမ်မှာတော့ ခြသေ့င်္ဟာ သစ်ပင်ရဲ့ အမြင့်ဆုံးနေရာထိ ခုန်တက်ကာ မျောက်မောင်းမတကောင်ကို မဆုတ်မနစ်ဖမ်းဆီးစားသောက်ပုံကို သဲထိတ်ရင်ဖို အံ့သြဖွယ် မြင်တွေ့ရမှာပါ။ လမ်းတလျှောက်မှာ မျောက်တကောင်ရဲ့ အနံ့ကစွဲဆောင်နေလို့ တောင်ခြေင်္သေ့တကောင်က အနံ့ရတဲ့လမ်းကြောင်းအတိုင်း အနံ့ခံလျှောက်လာပြီး သစ်ပင်နားကို ချည်းကပ်လာပါတယ်၊ အဲဒီအချိန်မှာ မျောက်မောင်းမတကောင်ဟာ သစ်ပင်ပေါ်ကို တွက်တက်နေတာပါ။ သစ်ပင်ရဲ့ ပထမဦးဆုံးအကိုင်းနားကို ရောက်နေတဲ့ မျောက်မောင်းမက ဆက်ပြီး တွယ်တက်သွားပါတယ်။ တောင်ခြင်္သေ့ဟာ မျောက်မောင်းမနဲ့ သူရှိနေတဲ့နေရာရဲ့ အကွာအဝေးကို တွက်ချက်ခန့်မှန်းပြီး ခုန်တက်သွားပါတယ်၊ ဒါပေမယ့် ခြင်္သေ့က သားကောင်ကို မမိပဲ သစ်ပင်ပေါ်က ပြန်ပြုတ်ကျလာပါတယ်။ မျောက်မောင်းမလည်း သစ်ပင်ပေါ် ထောင်လိုက် ဆက်တက်သွားပါတယ်။ ခြင်္သေ့က နောက်တကြိမ် သစ်ပင်ရဲ့ပင်စည်တွေကို ကုတ်ခြစ်ပြီး ထပ်ခုန်တက်ပါတယ်၊ အဲဒီအချိန်မှာလည်း မျောက်မောင်းမက သစ်ပင်ပေါ်ကနေ မပြုတ်ကျအောင် တွယ်ကပ်ထားပါတယ်။ သားကောင်က ဒီထက်ပိုဝေးဝေးဆီကို တွယ်တက်သွားချိန်မှာ ခြင်္သေ့ဟာ သားကောင်ကို ဒေါသပြင်းပြင်းနဲ့ဆက်လက်အလျှော့မပေးပဲ ချောင်းမြောင်းနေပါတယ်။ ခြင်္သေ့ရဲ့တတိယအကြိမ် မြင့်မြင့်ခုန်အတက်မှာလည်း မအောင်မြင်ဘဲ ပြန်လည်ပြုတ်ကျလာတာတွေ့ရပါတယ်။ ခြင်္သေ့ဟာ အတော်ကို ဒေါသထွက်နေတာကုတွေ့ရပြီး လဲနေတဲ့ သစ်ပင်တပင်မှာ သူ့ရဲလက်သည်းတွေကို သွေးနေပါသလို မျောက်မောင်းမကလည်း လွတ်မြောက်ပြီအထင်နဲ့ သစ်ကိုင်းတကိုင်းနဲတကိုင်း ကူးလူးနေပါတယ်။ အဲဒီအချိန်မှာ သားကောင်ကို လက်မလွှတ်လိုတဲ့ တောင်ခြင်္သေ့လည်း  နောက်ထပ်တိုက်ခိုက်ဖို့ အရှိန်ကိုမြင့်ထပ်ခုန်တက်ပေမယ့် မမိဘဲ ပြန်ပြုတ်ကျလာပါတယ်။ နောက်ဆုံးအကြိမ်မှာ အရှိန်ကို အစွမ်းကုန်မြှင့်တင်လိုက်ပြီး မျောက်မောင်းမရှိနေတဲ့ သစ်ပင်အမြင့်နားထိ ခုန်တက်ကာ သားကောင်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို ပါးစပ်နဲ့ အမိအရဖမ်း သူရဲ့ခြေလက်တွေနဲ့ သစ်ပင်ကိုတွယ်ကုပ်ကာ သားကောင် ဆွဲချလာတာကို သဲထိတ်ရင်ဖို တွေ့ရမှာပါ။ ဒါပေမယ့် သားကောင်ကလည်း သစ်ပင်ကို လက်နှစ်ဖက်နဲ့ တွယ်ဖက်ထားလို့ လွယ်လွယ်နဲ့ ချက်ချင်းမရခဲ့ပါဘူး အချိန်တော်ကြာပြီးမှ သားကောင်ကို မြေပြင်ထိ ဆွဲချပြီး စားနိုင်တာကို ရုပ်သံထဲမှာ တွေ့ရမှာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up