သုခဘုံ ဘာလီကျွန်းပေါ်မှ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့တဲ့နေသူများ
DVB
·
December 23, 2011
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကို နှစ်စဉ် နိုင်ငံခြားဧည့်သည်ပေါင်းများစွာ သွားနေကြပေမယ့် စိတ်ပိုင်းဆိုင်ရာ မကျန်းမမာ ဖြစ်နေတဲ့ ဘာလီကျွန်းသားတွေကို သူတို့ မတွေ့ခဲ့ရပါဘူး။ မတွေ့ဆို အဲဒီ စိတ်မကျန်းမာသူတွေကို လှောင်အိမ်တွေ၊ သံခြေကျင်းတွေနဲ့ နှစ်ပေါင်းများစွာ ဖမ်းဆီး ထိန်းသိမ်းတာ ကြောင့်မို့ပါပဲ။ အဲဒီလိုမျိုး စိတ်ပုံမှန်မဟုတ်သူတွေကို တိရိစ္ဆာန်တွေလိုထားတာကို အင်ဒိုနီးရှားမှာ ‘ပါဆောင်’ (pasung) လို့ ခေါ်ကြပါတယ်။ အလယ်ခေတ်လောက်မှာ လုပ်ခဲ့သလိုမျိုး ကျွဲနွား တိရိစ္ဆာန်တွေလို သိုလှောင်ထားတာ ဖြစ်ပါတယ်။ စိတ်မကျန်းမာသူတွေကို သူတို့မိသားစုတွေကပဲ သော့ခတ်ထည့်ထားတာပါ။ နေရာကျဉ်းလေးမှာပဲ အိပ်တာ၊ စားတာ၊ အညစ်အကြေးစွန့်တာ လုပ်ခိုင်းပါတယ်။ ကျန်းမာရေးမကောင်းတာကို ဆေးဝါးကုသမှု မပေးပါဘူး။ အင်ဒိုနီးရှားက စိတ်ရောဂါကုဆရာဝန် ဒေါက်တာ ‘လူဆာယနီ’(Dr Luh Suryani) က မကြာခင်က အဲဒီ ရာပေါင်းများစွာသော လူနာတွေကို တွေ့ရှိခဲ့ပြီး၊ သူတို့အတွက် တခုခုလုပ်မှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီ ဆရာဝန်အမျိုးသမီးနဲ့အတူ သတင်းထောက် ‘ရေဘာကာ ဟန်ရှကီ’(Rebecca Henschke) က အရှေ့ဘာလီကျွန်းက လူနာတွေဆီ သွားရောက်ခဲ့ပြီး၊ ဘာကြောင့် သူတို့ကို မိသားစုတွေက ရိုင်းပြစွာ ဆက်ဆံနေသလဲဆိုတာ မေးမြန်း သတင်းပေးပို့ထားတာကို နားဆင်ကြရမှာ ဖြစ်ပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ရဲမြင့်ကျော်က ဘာသာပြန်ပြီး ယုယမိုးက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာနားဆင်နိုင်ပါတယ်။