ပါကစ္စတန်နိုင်ငံက အိန္ဒိယဝင်ခွင့် ဗီဇာ ရဖို့ စောင့်ဆိုင်းနေတဲ့ အရိုးပြာအိုးများ
DVB
·
December 21, 2011
သေဆုံးသူတွေရဲ့ အရိုးပြာတွေကို ဂင်္ဂါမြစ်ထဲ မျှော သွန်ပစ်တာဟာ ဟိန္ဒူတွေရဲ့ အရေးကြီးတဲ့ ဘာသာရေး ဓလေ့ထုံးစံတခုလို့ အိန္ဒိယမှာ လက်ခံထားကြပါတယ်။ ဟိန္ဒူဘာသာဝင်တွေဟာ သေဆုံးသူရဲ့ အလောင်းကို မီးသင်္ဂြိုဟ်ရမယ်၊ သူတို့ရဲ့ ပြာတွေကိုလည်း သုဂတိဘုံကို ရောက်ဖို့အတွက် မြင့်မြတ်တဲ့ ဂင်္ဂါမြစ်ရေထဲမှာ မြှုပ်ထားရမယ်လို့ ယုံကြည်ထားပါတယ်။ ပါကစ္စတန်နိုင်ငံမှာရှိတဲ့ ဟိန္ဒူထောင်ပေါင်းများစွာကလည်း သေဆုံးသူတွေရဲ့ ပြာကို ဂင်္ဂါမြစ်ထဲ သွားပြီး မျှောချင်ကြပါတယ်။ အဲဒီအတွက် အိန္ဒိယနိုင်ငံထဲ ဝင်ခွင့်ရဖို့ ဗီဇာကို စောင့်နေတာ ဆယ်စုနှစ်များစွာ ရှိပါပြီ။ နျူကလီးယားပိုင်ဆိုင်တဲ့ အဲ့ဒီ့နှစ်နိုင်ငံရဲ့ နိုင်ငံရေးတင်းမာမှုကြောင့် ဗီဇာထုတ်ပေးမှုကို အိန္ဒိယက တင်းကျပ်ထားပါတယ်။ ဒီအကြောင်းကို ပါကစ္စတန်က သတင်းထောက် ‘နီးမ် ဆာဟိုတာရာ’ (Naeem Sahoutara)ကသတင်းပေးပို့ထားပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ရဲမြင့်ကျော်က ဘာသာပြန်ပြီး ယုယမိုးက စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ အသံဖိုင်မှာနားဆင်နိုင်ပါတယ်။