Home
မြန်မာသတင်း
ကျောက်​ဖြူတွင် ​စက်​​လှေပေါက်ကွဲ၊ ​​၄ ဦး​သေ ၂ ဦး​ပျောက်​ဆုံး
DVB
·
March 17, 2017
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ဦးကင်းအုပ်စု ကုလားဘာတောင်ကျေးရွာကနေ အလှူပွဲကိုသွားတဲ့ စက်လှေ အင်ဂျင်ပေါက်ကွဲပြီး မြစ်​ထဲနစ်မြုပ်လို့ ၄ ဦး သေဆုံးသွားပြီး ၂ ဦးပျောက်တယ်လို့ ကျောက်ဖြူ မြို့မရဲစခန်းက ပြောပါတယ်။ “ဒီကနေ့ နေ့လယ် ၂ နာရီဝန်းကျင်က ကျောက်ဖြူငလီပွေ့ဆိပ်ကမ်းကနေ့ သွားရာကနေ့ စက်လှေအင်ဂျင် ပေါက်ကွဲလို့ ရုန်းရင်ဆန်ခတ်ဖြစ်ပွားရာကနေ မြစ်ထဲကို ခုန်ချလိုက်တာ”လို့ ကျောက်ဖြူမြို့မ ရဲစခန်းက ဒုရဲမှူးဝင်းလွင်က ဒီဗွီဘီကိုပြောပါတယ်။ “အလောင်းလေးလောင်းက ရထားပြီးပါပြီ။ နောက်ထပ် နှစ်လောင်း ပျောက်နေတယ်။ အခု သေဆုံး လေးလောင်း ပေါ့လေ။ အဲဒီမှာ စုစုပေါင်း ၁၅ ဦး လိုက်ပါသွားတယ်။ ကျနော်တို့ ဖြစ်စဉ်ကို စုံစမ်းနေပါတယ်။ အင်​ဂျင် ​ပေါက်​ကွဲသွားတယ်​လို့ သိရတယ်​။ အဲ့ဒီမှာ ရုန်းရင်းဆန်​ခတ်​ဖြစ်​ပြီး​တော့ မြစ်​ထဲကိုခုန်​ချကြတာ။ ရှင်ပြုပွဲကို သွားတာလို့ သိရတယ်​။"လို့ သူက ဆက်ပြောပါတယ်။ လက်တလောမှာ ပျောက်ဆုံးနေတဲ့သူတွေ လိုက်လံရှာဖွေ​နေပြီး ဖြစ်​စဉ်​​တွေနဲ့ ပတ်​သက်​လို့ မကြာခင်​ ထုတ်​ပြန်​သွားမယ်​လို့ သူက ဆက်​လက်​​ပြောပါတယ်​။ သတင်း - ၀ဏ္ဏခွာညို၊ ဓာတ်ပုံ - ထွန်းထွန်းနိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024