ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
March 17, 2017
နှမ်းနက်(စမုံ)
မန္တလေးကုန်စည်ဒိုင်မှာတော့ နှမ်းနက်(စမုံ) ၁ အိတ်ကို ငွေကျပ် ၁၄၀၀၀၀ ဈေးရှိပြီးတော့ ကျပ် ၂၀၀၀ ဈေးတက်လာပါတယ်။
ပဲပုတ်
မန္တလေးကုန်စည်ဒိုင်မှာပဲ ပဲပုတ် ၁ အိတ်ကို ကျပ် ၇၀၀၀၀ ပေါက်ဈေးရှိနေပြီး ကျပ် ၅၀၀၀ ဈေးတက်သွားတယ်။
ကြက်သွန်နီ
တဆက်တည်းမှာပဲ ကြက်သွန်နီ ၁ ပိဿာကို ၁၁၇၅ ကျပ် ပေါက်ဈေးရှိနေပြီးတော့ ၂၅ ကျပ် ဈေးကျသွားပါတယ်။
ရွှေသခွား
မူဆယ်ကုန်စည်ဒိုင်မှာတော့ ရွှေသခွား ၁ တန်ကို ငွေကျပ် ၆၁၄၄၀၀ ကနေ ၆၉၁၂၀၀ ပေါက်ဈေးရှိနေပြီး ၃၈၀၀၀ ကျပ် ဈေးကျသွားပါတယ်။
ပေါ်ဆန်း(ဆန်သစ်)
ဝါးတန်ကုန်စည်ဒိုင်မှာတော့ ပေါ်ဆန်းဆန်သစ် ၁ အိတ်ကို ကျပ် ၂၆၅၀၀ ကနေ ၃၉၀၀၀ ဈေးရှိပြီး ကျပ် ၁၀၀၀ ဈေးတက်သွားပါတယ်။
မတ်ပဲ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲ ၁ တန်ကို ငွေကျပ် ၁၀၁၀၀၀၀ ပေါက် ဈေးရှိနေပြီး ကျပ် ၂၁၀၀၀ ဈေးကျသွားပါတယ်။
ပဲစင်းငုံနီ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာပဲ ပဲစင်းငုံနီ ၁ တန်ကို ငွေကျပ် ၇၄၇၀၀၀ ပေါက်ဈေးရှိနေပြီး ငွေကျပ် ၁၄၀၀၀ ဈေးတက်သွားပါတယ်။
ပဲတီစိမ်း
တဆက်တည်းမှာ ပဲတီစိမ်း ၁ ပိဿာကို ကျပ် ၂၀၂၀ ဈေးရှိနေပြီး ၁၀ ကျပ် ဈေးကျသွားပါတယ်။
အခု ဖော်ပြသွားတဲ့ဈေးနှုန်းတွေဟာ အချိန်နဲ့အမျှ အပြောင်းအလဲရှိနိုင်ပါတယ်။
သတင်း - AMIA