A d v e r t i s e m e n t With Us

ဒီမိုက​ရေစီနှင့်​ နိုင်ငံသား​အခွင့်​အ​ရေး​များ​ ခံစား​ရ​ရေး​ ပြည်သူများ​ပါဝင်ရန် တိုက်တွန်း

​ေဒါ်​ေအာင်ဆန်း​စုြကည် မိန့်​ခွန်း​ေြပာြကား​ေနစဉ်
ဒီမိုက​ရေစီနဲ့​ နိုင်ငံသား​တို့​ရဲ့​ မူလအခွင့်​အ​ရေး​တွေ ခံစား​ရဖို့​ အတူတကွ သန္နိဋ္ဌာန်ချမှတ်လုပ်​ဆောင်ပါလို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ပြည်သူ​တွေကို တိုက်တွန်း​လိုက်ပါတယ်။ ဒီက​နေ့​ ကျ​ရောက်တဲ့​ ၆၄ နှစ်​မြောက် လွတ်လပ်​ရေး​နေ့​မှာ တိုက်တွန်း​လိုက်တာဖြစ်ပြီး​ မြန်မာနိုင်ငံရဲ့​လွတ်လပ်​ရေး​အတွက် အသက်​ပေး​ကြိုး​ပမ်း​ခဲ့​ကြတဲ့​ ​ခေါင်း​ဆောင်ကြီး​တွေ ​မျှော်မှန်း​ထား​တဲ့ အခွင့်​အ​ရေး​နှစ်ရပ်စလုံး​ တိုင်း​သူပြည်သား​တွေ မခံစား​ရ​သေး​ဘူး​လို့​ ဒီက​နေ့​ ထုတ်ပြန်ချက်မှာ ​ဖော်ပြပါတယ်။ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​ဥာဏ်ဝင်း​က “အဓိကအား​ဖြင့်​ သန္နိဋ္ဌာန်အ​ရေး​ကြီး​တယ်။ လွတ်လပ်​ရေး​ ရရှိဖို့​ ကြိုး​ပမ်း​ကာလမှာ လွတ်လွတ်လပ်လပ် ရှိဖို့​ ကြိုး​စား​ဆောင်ရွက်ကြတယ်။ ​ဆောင်ရွက်ရာမှာ သန္နိဋ္ဌာန်ချပြီး​တော့​ ဆုံး​ဖြတ်ချက်ချပြီး​တော့​ အား​လုံး​ပူး​ပေါင်း​ပါဝင် ​ဆောင်ရွက်ကြဖို့​ ဒါဟာ ကျ​နော်တို့​ လက်ရှိ အ​ခြေအ​နေမှာလည်း​ မပြီး​သေး​တဲ့​ အ​ခြေအ​နေ​နော် ဒါလူတိုင်း​သိတယ်။ ပြီး​ဆုံး​အောင် သန္နိဋ္ဌာန်ချ ​ဆောင်ရွက်ကြဖို့​ လိုပါတယ်” လို့ ပြောပါတယ်။ [caption id="attachment_19575" align="alignleft" width="300" caption="​ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်"][/caption] အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က လူတိုင်း​လွတ်လပ်မှုနဲ့​ ထိုက်တန်တဲ့​အ​ကြောင်း​ မိန့်​ခွန်း​မှာ ထည့်​သွင်း​ပြောဆိုပါတယ်။ “ကျမတို့​ရဲ့​ လွတ်လပ်​ရေး​ခေါင်း​ဆောင်ကြီး​တွေက လွတ်လပ်​ရေး​ရ​အောင် ယူခဲ့​တယ်ဆိုတဲ့​ ​နောက်မှာ ဘာရှိ​နေလဲဆို​တော့​ အင်မတန်မှ ခိုင်မာတဲ့​ယုံကြည်ချက်နဲ့​ ​လေး​နက်တဲ့​ သန္နိဋ္ဌာန်ရှိပါတယ်။ ဒီယုံကြည်ချက်က ဘာလဲဆို​တော့​ လူတိုင်း​ လူတိုင်း​ဟာ လွတ်လပ်မှုနဲ့​ ထိုက်တန်ဆိုတဲ့​ ယုံကြည်ချက်ပဲ။ သန္နိဋ္ဌာန်ဆိုတာ ဘာလဲဆို​တော့​ ထိုက်တန်ဆိုတာကို ကမ္ဘာကသိ​အောင် ပြနိုင်တယ်ဆိုတဲ့​ သန္နိဋ္ဌာန်ပဲဖြစ်ပါတယ်။ ဒီယုံကြည်ချက်​တွေ သန္နိဋ္ဌာန်​တွေဟာ ကျမတို့​က ဆက်ပြီး​တော့​ ကိုင်စွဲသွား​ရမှာ ဖြစ်ပါတယ်။ လူတိုင်း​ လူတိုင်း​ဟာ လွတ်လပ်မှုနဲ့​ ထိုက်တန်တယ်။ ထိုက်တန်သလိုလည်း​ ​နေတတ်တယ်။ ထိုက်တန်ဆိုတာ အများ​က သိ​အောင်လည်း​ ပြနိုင်တယ်ဆိုတဲ့​ သန္နိဋ္ဌာန်နဲ့​ ကျမတို့​ ဆက်ပြီး​တော့​ သွား​ရမှာဖြစ်ပါတယ်။” ပါတီဥက္ကဋ္ဌ ဦး​တင်ဦး​ကလည်း​ သဘာပတိမိန့်​ခွန်း​မှာ စည်း​လုံး​ညီညွတ်စွာ အလုပ်လုပ်ကြဖို့​ တိုက်တွန်း​ပြောဆိုပါတယ်။ [caption id="attachment_19576" align="alignright" width="300" caption="ဦးတင်ဦး မိန့်ခွန်းပြောကြားနေစဉ်"][/caption] “ပစ္စုပ္ပန်နဲ့​ အနာဂတ် ကာလတို့​အတွက် တိုင်း​ရင်း​သား​ပြည်သူ အား​လုံး​တို့​အတွက် စည်း​လုံး​ညီညွတ်စွာနဲ့​ လွတ်လပ်​ရေး​စိတ်ဓာတ် နှစ်သစ်စိတ်ဓာတ်များ​ ​မွေး​မြူကြပြီး​ ကြံစည် လုပ်​ဆောင်သွား​ကြရမှာ ဖြစ်ပါတယ်။” ဒီက​နေ့​ ရန်ကုန်မြို့​က အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရုံး​မှာ ကျင်း​ပတဲ့​ အခမ်း​အနား​ကို နိုင်ငံခြား​သံတမန်​တွေ၊​ ဝါရင့်​နိုင်ငံ​ရေး​ လုပ်​ဖော်ကိုင်ဖက်​တွေ၊​ ရှစ်ဆယ့်​ရှစ်မျိုး​ဆက် ​ကျောင်း​သား​တွေနဲ့​ ပြည်သူ​တွေအပါအဝင် ဧည့်​ပရိသတ် ၁ ​ထောင်နီး​ပါး​ တက်​ရောက်ပါတယ်၊​။ ည​နေပိုင်း​မှာ လွတ်လပ်​ရေး​နေ့​ ​ဖျော်​ဖြေ​ရေး​အစီအစဉ် ထည့်​သွင်း​ပါတယ်။ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် မန္တ​လေး​တိုင်း​ရုံး​မှာလည်း​ လွတ်လပ်​ရေး​နေ့​ အခမ်း​အနား​ ကျင်း​ပပါတယ်။ အခမ်း​အနား​မစမီ သံဃာ​တော် အရှင်သူမြတ်​တွေကို ဆွမ်း​ဆက်ကပ်ခဲ့​ပြီး​ ၁၁ နာရီခန့်​မှာ စတင်ပြီး​ ည​နေပိုင်း​မှာ ကဗျာရွတ်ဆိုပါတယ်။ အခမ်း​အနား​ကို ပရိသတ် ၁၀၀ ​ကျော် တက်​ရောက်ပါတယ်။ လွတ်လပ်​ရေး​နေ့​ အခမ်း​အနား​တွေကို မြို့​နယ်အသီး​သီး​မှာလည်း​ ကျင်း​ပကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up