A d v e r t i s e m e n t With Us

စစ်အာဏာရှင်စနစ်​အောက်က လုံး​ဝလွတ်လပ်​ရေး​ ပူး​ပေါင်း​ကြရန် တိုက်တွန်း

မြန်မာပြည်ငြိမ်း​ချမ်း​ရေး​၊​ ဒီမိုက​ရေစီ​ရေး​နဲ့​ စစ်အာဏာရှင်စနစ်​အောက်က လုံး​ဝလွတ်​မြောက်​ရေး​ ပူး​ပေါင်း​ဆောင်ရွက်ကြဖို့​ ၆၄ နှစ်​မြောက် လွတ်လပ်​ရေး​နေ့​မှာ ဝါရင့်​နိုင်ငံ​ရေး​သမား​ကြီး​တွေက တိုက်တွန်း​လိုက်ပါတယ်။ ကိုလိုနီလက်​အောက်က မြန်မာနိုင်ငံ လွတ်​မြောက်​အောင် ကြိုး​ပမ်း​ရာမှာပါဝင်ခဲ့​ကြတဲ့​ ဝါရင့်​နိုင်ငံ​ရေး​ လုပ်​ဖော်ကိုင်ဖက်​တွေက ရန်ကုန်မြို့​ မရမ်း​ကုန်း​ သခင်သိန်း​ဖေ​နေအိမ်မှာ ဒီက​နေ့​မနက်က မိတ်ဆုံစား​ပွဲ ကျင်း​ပပြီး​နောက် ခုလို ​ပြောကြား​ခဲ့​တာပါ။ ဝါရင့်​နိုင်ငံ​ရေး​သမား​ကြီး​ ​ရွှေ​တောင် ဦး​အုန်းမောင်က “စစ်အာဏာရှင် စနစ်က​နေ လွတ်​မြောက်ဖို့​ ကျ​နော်တို့​ အမျိုး​သား​လွတ်လပ်​ရေး​၊​ ငြိမ်း​ချမ်း​ရေး​၊​ ဒီမိုက​ရေစီ​ရေး​တွေ အပြည့်​အဝ ရရှိ​ရေး​အတွက် ကျ​နော်တို့​အား​လုံး​ ပူး​ပေါင်း​ဆောင်ရွက် ကြဖို့​လိုပါတယ်” လို့​ ​ပြောပါတယ်။ ဝါရင့်​နိုင်ငံ​ရေး​သမား​ကြီး​ ဦး​ထွေး​မြင့်​က “ကျ​နော်တို့​ တဖြည်း​ဖြည်း​တွေ့​လာရတာက ကိုလိုနီနယ်ချဲ့​သမား​ထက်​တောင် ဆိုး​တဲ့​အ​ခြေအ​နေ တချို့​တွေ့​ရပါတယ်။ ဥပမာ ဗိုလ်​အောင်​ကျော်ကျဆုံး​တာဟာ နယ်ချဲ့​ကိုလိုနီ ဝါဒသမား​ အင်္ဂလိပ် ပုလိပ်တပ် က​နေပြီး​တော့​ ​သေနတ်နဲ့​ပစ်လို့​ ကျဆုံး​တာ မဟုတ်ဘဲ တုတ်နဲ့​ ရိုက်လို့​ ချက်​ကောင်း​ထိပြီး​ ကျဆုံး​ခဲ့​ရတယ်။ ​သေနတ်နဲ့​ ပစ်လို့​ ​သေတာမဟုတ်ဘဲ တုတ်နဲ့​ရိုက်လို့​ မြင်း​နဲ့​တိုက်လို့​ ကျဆုံး​ခဲ့​တာပါ။ ကျ​နော်​ပြောချင်တာက ဒီ​ခေတ်မှာ​တော့​ တုတ်နဲ့​တော့​ မရိုက်ပါဘူး​။ ​သေနတ်နဲ့​ ပစ်ပြီး​တော့​ စက်​သေနတ်နဲ့​တောင် ဆွဲတဲ့​ အ​ခြေအ​နေမျိုး​ ​ရောက်လာတာဟာ ကိုလိုနီနယ်ချဲ့​ သမား​ထက်​တောင် ဆိုး​တဲ့​ အ​နေအထား​မျိုး​ ​တွေ့​ရတဲ့​ အခါကျ​တော့​ အင်မတန် စိတ်မချမ်း​သာစရာ​တွေ ရှိပါတယ်” လို့ ပြောပါတယ်။ အခမ်း​အနား​ကို ​ဒေါ်​အောင်ဆန်း​စုကြည်လည်း​ တက်​ရောက်ခဲ့​ပြီး​ မြန်မာနိုင်ငံမှာ ဒီမိုက​ရေစီရဖို့​၊​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ရဖို့​နဲ့​၊​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေကို မပြင်ဆင်နိုင်စရာအ​ကြောင်း​ ဘာမှာမရှိတဲ့​ အ​ကြောင်း​နဲ့​၊​ နိုင်ငံ​ရေး​အကျဉ်း​သား​ လွတ်​မြောက်​ရေး​ ဆက်လက် ကြိုး​ပမ်း​သွား​မှာဖြစ်တဲ့​အ​ကြောင်း​ ​ပြောပါတယ်။ ဒါ့​အပြင် ကြုံ​တွေ့​နေရတဲ့​ ပြဿနာ​တွေကို ပြဿနာ​တွေလို့​မမြင်ဘဲ စိန်​ခေါ်မှု​တွေအဖြစ် မြင်တဲ့​အကြာင်း​၊​ စိန်​ခေါ်မှု​တွေကို အရှံး​မ​ပေး​ဘဲ ရင်ဆိုင်ပြီး​ လိုလား​တဲ့​ ပန်း​တိုင်​ရောက်​အောင် ​ဆောင်ရွက်သွား​မယ်လို့​လည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​ခဲ့​ပါတယ်။ အခမ်း​အနား​ကို ဝါရင့်​နိုင်ငံ​ရေး​သမား​ကြီး​တွေအပြင် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ခေါင်း​ဆောင်​တွေ၊​ ဦး​အေး​သာ​အောင်၊​ ပူကျင့်​ရှင်း​ထန်၊​ ဦး​သာဘန်း​၊​ နိုင်​ငွေသိန်း​ စတဲ့​ တိုင်း​ရင်း​သား​ ​ခေါင်း​ဆောင်​တွေနဲ့​ ၁၉၈၈ နဲ့​ ၉၆ မျိုး​ဆက်​ကျောင်း​သား​တွေ တက်​ရောက်ခဲ့​ကြပါတယ်။ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အန်အယ်လ်ဒီပါတီက​တော့​ လွတ်လပ်​ရေး​နေ့​ အထိမ်း​အမှတ် အခမ်း​အနား​ကို နံနက် ၁၁ နာရီ​လောက်မှာ သီး​ခြား​ ကျင်း​ပပါတယ်။ လွတ်လပ်​ရေး​နေ့​ထုတ် အစိုး​ရပိုင် သတင်း​စာ​တွေမှာ​တော့​ သမ္မတဦး​သိန်း​စိန်က သူ့​ရဲ့​ အမည်​ရှေ့​မှာ အဂ္ဂမဟာ သ​ရေစည်သူ နဲ့​ အဂ္ဂမဟာ သီရိသုဓမ္မဘွဲ့​အမည်​တွေနဲ့​ ​ဖော်ပြထား​ပြီး​ ပြည်​ထောင်စုမပြိုကွဲ​ရေး​။ တိုင်း​ရင်း​သား​စည်း​လုံး​ညီညွတ်မှု မပြိုကွဲ​ရေး​နဲ့​ အချုပ်အခြာအာဏာ တည်တံ့​ခိုင်မြဲ​ရေး​နဲ့​ ဒို့​တာဝန်အ​ရေး​သုံး​ပါး​ကို ထိန်း​သိန်း​ ကာကွယ်ကြပါလို့​ လွတ်လပ်​ရေး​ သဝဏ်လွှာမှာ တိုက်တွန်း​ထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up