မစ်ဒယ်ဘရော့အသင်း နည်းပြကို ရာထူးမှ ထုတ်ပယ်

ဓာတ်ပုံ - ရိုက်တာ
ပရီးမီးယားလိဂ် နောက်ဆုံး ၁၀ ပွဲဆက် နိုင်ပွဲပျောက်ဆုံးပြီး အမှတ်ပေးဇယားမှာ တန်းဆင်းဇုန် အဆင့် ၁၉ နေရာ ရောက်ရှိသွားတဲ့အတွက် မစ်ဒယ်ဘရော့အသင်းဟာ နည်းပြ ကရန်ကာကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။ မစ်ဒယ်ဘရော့အသင်းဟာ အခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၄ ပွဲသာ ရရှိခဲ့ပြီး  ၁၀ ပွဲ သရေ၊ ၁၃ ပွဲ ရှုံးခဲ့ပါတယ်။ စပိန်နိုင်ငံသား ကရန်ကာဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလကတည်းက ကစားသမားသစ် ခေါ်ယူရေးနဲ့ ပတ်သက်ပြီး မစ်ဒယ်ဘရော့အသင်း တာဝန်ရှိသူတွေနဲ့ ကတောက်ကဆ ဖြစ်ခဲ့တာပါ။ မစ်ဒယ်ဘရော့အသင်းအနေနဲ့ လာမယ့် မတ် ၁၉ ရက်နေ့မှာ မန်ယူအသင်းနဲ့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဒီပွဲမတိုင်ခင် ကရန်ကာကို ရာထူးကနေ ထုတ်ပယ်လိုက်တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up