A d v e r t i s e m e n t With Us

ပြောင်း​လဲ​နေတဲ့​ ကျ​နော်တို့​ ကမ္ဘာကြီး​၊​ ပွဲပြီး​တော့​မှာလား​ (Game Over)

AIDS ​ရောဂါဟာ ဗိုင်း​ရပ်စ်ပိုး​ကြောင့်​ ဖြစ်ပွား​လာရပြီး​ လိင်ဆက်ဆံရာက တဆင့်​ ကူး​နိုင်တယ်လို့​ ကျန်း​မာ​ရေး​ဌာနက သတိ​ပေး​ခဲ့​တာဟာ ​ရောဂါကို စတင်သိရှိပြီး​ကတည်း​က ဖြစ်ပါတယ်။ ဒါ​ကြောင့်​ ဒီ​ရောဂါမဖြစ်​အောင် လိင်ဆက်ဆံရင် ကွန်ဒုန်း​ကို သုံး​ကြပါလို့​ အကြံ​ပေး​ခဲ့​ပါတယ်။ ဒါ​ပေမယ့်​ အများ​စုက​တော့​ မယုံကြည်ကြပါဘူး​။ ဒီလိုနဲ့​ပဲ ဒီ​ရောဂါဟာ ကမ္ဘာအနှံ့​ ကူး​စက်သွား​တော့​တယ်။ နှစ်​ပေါင်း​ နှစ်ဆယ်အတွင်း​ လူသန်း​ပေါင်း​ ​လေး​ဆယ်​ကျော်ကို ကူး​စက်သွား​ခဲ့​ပါတယ်။ ဒီအတိုင်း​ပါပဲ။ ဒိုင်ယာဘိတိစ်လို့​ခေါ်တဲ့​ ဆီး​ချို၊​ ​သွေး​ချို​ရောဂါဆိုလည်း​ ကိုယ်ခန္ဓာက အင်ဆူလင် မထုတ်​ပေး​တာလို့​ ဆရာဝန်​တွေက ​ပြောပြီး​ အင်ဆူလင်ထိုး​ဖို့​ ​ပြောတာပဲ။ အများ​စုက​တော့​ ကျ​နော့်​ ​ရောဂါ အင်ဆူလင် အဆင့်​ မ​ရောက်​သေး​ပါဘူး​ဆိုပြီး​ ​သောက်​ဆေး​နဲ့​ ကုတယ်။ တိုင်း​ရင်း​ဆေး​သုံး​တယ်။ ဒီအခါ ​ကျောက်ကပ်နဲ့​ နှလုံး​ ထိခိုက်တဲ့​ ​ဘေး​ထွက်ဆိုး​ကျိုး​တွေ ရလာတာပဲ​ပေါ့​။ အချို့​က ​ပျောက်​စေဆရာလို ဆရာ​တွေနဲ့​ ကုကြရာက​နေ အသက် ဆုံး​ပါး​ရတဲ့​အထိ အကျိုး​နည်း​ရပါတယ်။ ပညာရှင်​တွေ သတိ​ပေး​တာကို အ​လေး​မထား​တဲ့​အတွက် အဖြစ်ဆိုး​တွေ ကြုံကြရတာ မဆန်း​ပါဘူး​။ မြန်မာတနိုင်ငံတည်း​မှာသာမကဘဲ တကမ္ဘာလုံး​ ကြုံ​နေခဲ့​ရတာပါ။ ခုလည်း​ ဘာထူး​ပါသလဲ။ ကျ​နော်တို့​တ​တွေ သဘာဝပတ်ဝန်း​ကျင်ကို ဖျက်ဆီး​နေကြပါတယ်။ ဒါ​ကြောင့်​လည်း​ ဥတုရာသီ​တွေ ​ဖောက်လွဲ ​ဖောက်ပြန် ​ပြောင်း​လဲ​နေပြီ။ ကမ္ဘာကြီး​ ပူ​နွေး​လာပြီ၊​ ​ရေခဲ​တောင်က ​ရေခဲမြစ်​တွေ​ပျော်ပြီး​ အာတိတ်စက်ဝန်း​က ​ရေခဲ​တွေ ​ပျော်ကုန်ပြီလို့​ ​ပြော​တော့​ လက်မခံနိုင်သူ​တွေ အများ​ကြီး​ပါပဲ။ အဲဒီအထဲမှာ သိပ္ပံပညာရှင်​တွေ​တောင် ပါ​သေး​တယ်။ သိပ္ပံပညာရှင် အချို့​က​ပြောတယ်။ “ခင်ဗျား​တို့​ Ice Age ဆိုတာကို ကြား​ဖူး​ကြရဲ့​လား​။ ​ရေခဲ ​ခေတ်​ပေါ့​ဗျာ။ ကမ္ဘာကြီး​ဟာ ရုတ်တရက် ​အေး​ခဲသွား​တယ်။ ဒိုင်နို​ဆောတို့​၊​ မာမွတ်လို့​ခေါ်တဲ့​ ဆင်ကြီး​တို့​တွေ​တောင် ​ရေခဲပြီး​ ​သေဆုံး​ကုန်ကြတယ်။ အီ​ကွေတာတဝိုက် ကျွန်း​တွေ​ပေါ်မှာ ​နေတဲ့​လူ​တွေပဲ လွတ်ကြတယ်ဗျ” တဲ့​။ အဲဒီ​ရေခဲ​ခေတ်ကြီး​ဟာ နှစ်အကြာကြီး​ပဲ။ အဲဒီ​နောက်မှ ကမ္ဘာကြီး​က ​နောက်တကြိမ် ​ပြောင်း​လဲမှု ဖြစ်လာပြန်တယ်။ . . .ဘာ​ကြောင့်​ ပူလိုက်​အေး​လိုက် ဖြစ်သလဲ သိရဲ့​လား​။ ​နေ​ရောင်ခြည်​ကြောင့်​ပေါ့​ဗျာ။ ​နေ​ရောင်ခြည်ဟာ တခါတခါ မှိန်​ဖျော့​ သွား​တယ်။ ကျ​နော်တို့​အ​နေနဲ့​ ကမ္ဘာကို နှစ်​ထောင်​ပေါင်း​များ​စွာ ကြာမှ ​ပြောင်း​လဲမှုကို ​တွေ့​ရတယ်ဗျ။ ​နေ​ရောင်နည်း​နည်း​ ​လျော့​သွား​ ရင်ပဲ ကမ္ဘာမှာ ​ပြောင်း​လဲမှု​တွေ အများ​ကြီး​ဖြစ်တယ်။ စော​စောက ​ပြောထား​တဲ့​ ​အေး​ခဲလာတဲ့​ ကမ္ဘာကြီး​မှာ သက်ရှိအချို့​သာ အသက်ရှင်ရပ်တည်​နေနိုင်ကြတာ​ပေါ့​။ ဒီလိုအချိန်မှာ ကမ္ဘာအတွင်း​ပိုင်း​က ဆူပွက်​နေတဲ့​ ​နေရာ​တွေက​နေ ​ပေါက်ထွက်လာတာ​တွေ ဖြစ်သွား​တယ်​လေ။ မီး​တောင်​တွေ​ပေါက်တာပဲ​ပေါ့​။ ငလျင်​တွေ လှုပ်တယ်။ ပူ​နွေး​လာပြီး​ ​တော​တွေ ​တောင်​တွေ ထိုး​ထိုး​ထောင်​ထောင် ဖြစ်လာတယ်။ ပူ​နွေး​တဲ့​ ရာသီဥတုနဲ့​ သင့်​တော်တဲ့​ အ​ကောင်ဗ​လောင်​တွေဟာ မျိုး​ပွား​ ဖြစ်ထွန်း​လာကြတယ်။ ကျ​နော်တို့​က ကမ္ဘာကြီး​ဖြစ်​ပေါ်လာပုံ အဆင့်​ဆင့်​ကို ကြား​ဖူး​နား​ဝရှိကြပါတယ်။ ​နေစကြဝဠာထဲက အစိုင်အခဲ​တွေ လွင့်​စင်ထွက်လာရာမှာ ကမ္ဘာကြီး​လည်း​ပါတယ်။ ကမ္ဘာကြီး​ဟာ ​နေနဲ့​ သင့်​တော်ရာ အကွာအ​ဝေး​ကို ​ရောက်လာတဲ့​ တခုတည်း​သော ဂြိုဟ်ကြီး​ဖြစ်တယ်။ ကမ္ဘာကြီး​ဟာ ​နေကို လှည့်​ပတ်​နေတယ်။ အဲဒီတုန်း​က မီး​ ​တောက်မီး​လျှံ​တွေနဲ့​ပေါ့​။ ​နောက်မှ မိုး​သည်း​ထန်စွာရွာတယ်။ ဒါကို ဗုဒ္ဓဘာသာဝင်​တွေက ကမ္ဘာပြုမိုး​ကြီး​လို့​ ​ခေါ်တယ်။ အဲဒီအခါ ကမ္ဘာကြီး​ဟာ ​နွေး​နွေး​ထွေး​ထွေး​လေး​ ဖြစ်လာတယ်။ တကမ္ဘာလုံး​ကို ​ရေလွှမ်း​နေတယ်။ ​ရေဘယ်​လောက် လွှမ်း​သလဲဆိုရင် ၆ မီတာ​လောက် မြင့်​တယ်ဆိုပဲ။ ကမ္ဘာ့​လေထုကြီး​ ဖြစ်လာပြီး​ လျှပ်စီး​တွေလက်၊​ မိုး​ကြိုး​တွေပစ်၊​ ငလျင်​တွေလှုပ်နဲ့​ ဆဲလ်တခုတည်း​ရှိတဲ့​ သတ္တဝါ​တွေဟာ ပင်လယ်​ရေမှာ ​ပေါ်လာတယ်။ ဒီအ​ကောင်​တွေ အများ​ကြီး​ပဲ။ ဒီအ​ကောင်​လေး​တွေဟာ ​သေလိုက်၊​ အသစ်ဖြစ်လိုက်နဲ့​ပေါ့​။ ​သေတဲ့​အ​ကောင်​တွေက ​ရေပြင်​အောက်​ရောက်ပြီး​ ​နောက်ဆုံး​ ​ရေနံ ဖြစ်လာတာပါပဲ။ ကျနော်တို့​ လူသား​အပါအဝင် သတ္တဝါအား​လုံး​ အဆင့်​ဆင့်​ဟာ evolution ဖြစ်လာကြတာပါပဲ။ အား​လုံး​ဟာ ပင်လယ်က​နေ တက်လာကြတယ်။ ဒါ​ကြောင့်​ လူ​တွေရဲ့​သွေး​ဟာ ပင်လယ်​ရေငန်နဲ့​ သိပ်မကွာလှဘူး​။ ကမ္ဘာကြီး​ဟာ ငလျင်​တွေဖြစ်ထွန်း​၊​ မီး​တောင်​တွေ ​ပေါက်ကွဲပြီး​ ​မြေနဲ့​ ​ရေ ကွဲသွား​တာပါ။ အာတိတ်နဲ့​ အတ္တလန္တိတ် စက်ဝန်း​တွေမှာ ​ရေ​တွေခဲကုန်ပါတယ်တဲ့​။ ​နောက် ​ရေခဲ​ခေတ်ကို ​ရောက်ခဲ့​တယ်။ ​နောက် ပူ​နွေး​လာပြန်​လေ​ရော။ ဒါကို သဘာဝဖြစ်စဉ်လို့​ ​ပြောတာ​ပေါ့​။ ဒါ​ပေမယ့်​ အဲဒီသိပ္ပံပညာရှင်​တွေကို ​မေး​ခွန်း​ထုတ်ကြတယ်။ “​ရေခဲ​ခေတ်က​နေ ကမ္ဘာကြီး​ပူ​နွေး​လာဖို့​ ဘယ်​လောက် အချိန်ယူရပါသလဲ၊​” “နှစ်​ပေါင်း​ ၁ သိန်း​လောက်​တော့​ ကြာတာ​ပေါ့​” တဲ့​။ မှန်ပါတယ်။ ခု ကမ္ဘာကြီး​ပူ​နွေး​လာတာဟာ နှစ်​ပေါင်း​ ၁၅၀ အတွင်း​မှာ ဖြစ်လာတာပါ။ ကမ္ဘာကြီး​ရဲ့​ စက်မှု​တော်လှန်​ရေး​ခေတ်အစက​နေ အခုထိကို ပူ​နွေး​လာကြတာပါ။ ပူ​နွေး​မှုနှုန်း​ဟာ အရင်​ခေတ်နဲ့​စာရင် အင်မတန် မြန်​နေပါတယ်။ ​နောင် နှစ် ၁၀၀ ကို ကျ​နော်တို့​ တွက်ဆ​နေပါတယ်။ ပူ​နွေး​မှုဟာ ၂ ဒီဂရီစင်တီဂရိတ် အထက်ကို ​ရောက်မှာလား​။ ၂ ဒီဂရီ စင်တီဂရိတ် ​အောက်မှာပဲ ထိန်း​ထား​နိုင်မှာလား​။၂ ဒီဂရီ စင်တီဂရိတ် အထက်​ရောက်ရင်​တော့​ ပြီး​သွား​ပါပြီ။ အင်္ဂလိပ်စကား​နဲ့​ပြောရရင် Game Over။ ကမ္ဘာလုံး​ဝပျက်ပြီး​ မပြန်လမ်း​ကို ​ရောက်မယ်လို့​ဆိုတယ်။ ယုံလား​ . . .။ ကျ​နော် မ​မေး​ရက်ပါဘူး​။ လူသား​တွေ ပါဝင်ပတ်သက်မှုကို ​ကောင်း​မွန်တဲ့​ ရှု​ထောင့်​က​နေ ​မျှော်လင့်​နေပါတယ်။ နောက်တပတ် အင်္ဂါ​နေ့​မှာလည်း​ ​ပြောင်း​လဲ​နေတဲ့​ ကမ္ဘာကြီး​ အ​ကြောင်း​ ဆက်​ပြောပါဦး​မယ်။

A d v e r t i s e m e n t With Us

More News
Up