အိန္ဒိယတွင် မုဒိမ်းကျင့်သတ်ဖြတ်ခံရသည့် ဗြိတိန်အမျိုးသမီး၏ ရုပ်သံမှတ်တမ်းထွက်ပေါ်

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က ကျင်းပခဲ့တဲ့ အိန္ဒိယနိုင်ငံ၊ ဟိုလီပွဲတော်မှာ  မုဒိမ်း ကျင့်သတ်ဖြတ်ခံခဲ့ရတဲ့ ဗြိတိန်အမျိုးသမီးတဦးရဲ့ နောက်ဆုံးရုပ်သံမှတ်တမ်းဗွီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိ ဒန်နီယယ်လ် မက်ဂ်လောင်းလင်းဟာ ဗြိတိန်နိုင်ငံ၊ လီ ဗာပူးလ်မြို့မှဖြစ်ပြီး  အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာ ကျင်းပခဲ့တဲ့ ဟိန္ဒူရိုးရာ ဟိုလီဆေးရောင်ခြယ်ပွဲတော်ကို လာရောက်ခဲ့ချိန်မှာ ခုလိုဖြစ်ခဲ့တာပါ။ သူပျောက်ဆုံးသွားခဲ့ပြီး နာရီပေါင်းများစွာအကြာမှာ ပွဲတော်ကျင်းပရာနေရာနဲ့ ၄ မိုင်အကွာမှာ ၀တ်လစ်စလစ်အခြေအနေနဲ့ သွေးအိုင်ထဲမှာ သေဆုံးနေခဲ့တာကို လယ်သမားတဦးက တွေ့ရှိခဲ့တာပါ။ လက်ရှိမှာတော့ ရဲတွေဟာ သူခိုးတဦးလို့ သိထားကြပြီး မက်ဂ်လောင်းလင်းကို သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိတဲ့ ဗီခက်တ် ဘားဂက်တ်အမည်ရတဲ့ အိန္ဒိယအမျိုးသားတဦးကို ဖမ်းဆီးထားခဲ့တာပါ။ အသက် ၂၄ နှစ်အရွယ် ဘားဂတ်တ်က မက်ဂ်လောင်းလင်းကို သတ်ဖြတ်ခဲ့ကြောင်းကို ၀န်ခံခဲ့ပေမယ့် လိင်းပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်ခဲ့တာမရှိဘူးလို့ ငြင်းဆိုနေခဲ့တာပါ။ ဘားဂတ်တ်ဟာ ပြစ်မှုကျူးလွန်တဲ့ ရာဇ၀င်ရှိဖူးပြီး မျက်မြင်တွေ့ရှိသူတွေရဲ့ အဆိုအရ မက်ဂ်လောင်းလင်းနဲ့ ဘားတခုမှာ အတူတူရှိနေခဲ့တာကို မြင်တွေ့ခဲ့ဖူးကြောင်း ထွက်ဆိုခဲ့ကြတဲ့အတွက် ခုလိုဖမ်းဆီးထားနိုင်ခဲ့တာပါ။ မက်ဂ်လောင်းလင်းရဲ့ အ၀တ်တွေကိုတော့ သူ့ကိုတွေ့ရှိတဲ့ နေရာအနီးက အိမ်တ လုံးထဲမှာတွေ့ရပြီး ဘားဂတ်တ်ရဲ့ ခန္ဒာကိုယ်ပေါ်မှာတော့ လက်သည်းနဲ့ ကုတ်ရာခြစ်ရာတွေကို စစ်ဆေးတွေ့ရှိခဲ့ရတာပါ။ လက်ရှိမှာတော့ အမှုမှန်ပေါ်ပေါက်စေရေးအတွက် ရဲတွေက လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတာဖြစ်ပါတယ်။ ခုဖမ်းယူရရှိခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ကတော့ မက်ဂ်လောင်းလင်းဟာ ဂိုအာမြို့မှ ဟို လီပွဲတော်ကျင်းပရာ လမ်းမတလျှောက် လမ်းလျှောက်သွားလာခဲ့တဲ့ လှုပ်ရှားမှုပုံရိပ်တွေကို တွေ့မြင်ရမှာပါ။ လက်ရှိမှာတော့ မုဒိမ်းကျင့်အသတ်ခံရပြီး ပျောက်ဆုံးသွားခဲ့တဲ့ မက်ဂ်လောင်းလင်းရဲ့ နောက်ဆုံးလှုပ်ရှားမှု ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up