မြောက်ကိုရီးယား တိုက်ချင်းပစ်ဒုံးကျည်အရေး အမေရိကန်နှင့်ဂျပန် ဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ခ် တေလာဆန်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီအို ကီရှီဒါ တို့ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မတ်လ ၁၆ ရက်နေ့က တွေ့ဆုံပြီး မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးကျည်အရေးကိစ္စ အပါအဝင် နှစ်နိုင်ငံရေးရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဂျပန်ခရီးစဉ်အပြီးမှာ ဝန်ကြီး တေလာဆန်ဟာ တောင်ကိုရီးယားနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကို သွားရောက်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည်လေးခု ထပ်မံပစ်လွှတ်စမ်းသပ်ခဲ့သလို အမေရိကန်အထိ ရောက်အောင်ပစ်နိုင်တဲ့ နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည် တည်ဆောက်နေတယ်လို့ သိရပါတယ်။ တေလာဆန်ဟာ အမေရိကန်မိတ်ဘက် အာရှနိုင်ငံတွေမှာ အရေးကြီးပြီး အမှားမခံတဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးအကြောင်းတွေ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီကိစ္စနဲ့ပတ်သက်ပြီး ချက်ချင်းတော့ အဖြေတခုခုရလာဦးမှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up