Sunday, June 11, 2023
နိုင်ငံသား​စိစစ်​ရေး​ မလုပ်ပါက အလုပ်သမား​များ​ ​နေထိုင်ခွင့်​ကုန်ဆုံး​မည်ဟု ထိုင်း​ကြေညာ
ထိုင်း​နိုင်ငံထဲကို အ​ထောက်အထား​မဲ့​ ဝင်​ရောက်ခဲ့​ပေမယ့်​ ထိုင်း​အစိုး​ရက ၂ နှစ်တာ အလုပ် လုပ်ခွင့်​ပေး​ထား​တဲ့​ မြန်မာအလုပ်သမား​တွေဟာ ၂၀၁၂ မှာ နိုင်ငံသား​ စိစစ်​ရေး​ကို မလုပ်ရင် ထိုင်း​မှာ ဆက်လက်​နေထိုင် လုပ်ကိုင်ခွင့်​ ကုန်ဆုံး​မယ်လို့​ ​ကြေညာချက် ထုတ်လိုက်ပါတယ်။
အခု​ကြေညာချက်ဟာ ထိုင်း​နိုင်ငံကို အ​ထောက်အထား​မဲ့​ ဝင်​ရောက်လာပြီး​ အလုပ်လုပ်ခွင့်​ ရ​နေတဲ့​ မြန်မာအလုပ်သမား​တွေအတွက် ဖြစ်ပြီး​ ၂၀၀၉ ခုနှစ်က ထိုင်း​အစိုး​ရရဲ့​ အထူး​အစီအစဉ်အရ ၂ နှစ်တာ ​နေထိုင် လုပ်ကိုင်ခွင့်​ လက်မှတ်ကို ထုတ်​ပေး​ထား​ခဲ့​တာပါ။
ထိုင်း​နိုင်ငံကို တရား​မဝင် ဝင်​ရောက်လာတဲ့​ အလုပ်သမား​တွေကို ၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်း​က နိုင်ငံသား​စိစစ်​ရေး​ ခံယူခွင့်​ရ​ရေး​ ကြိုတင်စာရင်း​ လာ​ပေး​ထား​ကြဖို့​ထိုင်း​အစိုး​ရက တလဝန်​ဆောင်မှု ​ပေး​ခဲ့​တာ ဖြစ်ပါတယ်။
အဲဒီတုန်း​က ကြိုတင်စာရင်း​ လာ​ပေး​ထား​ခဲ့​သူ​တွေကို ယခုနှစ် ဇန်နဝါရီလ အစပိုင်း​က​နေ ​ဖေ​ဖော်ဝါရီ ၂၈ ရက်ကို ​နောက်ဆုံး​ထား​ပြီး​ နိုင်ငံသား​စိစစ်​ရေး​ စလုပ်​ပေး​တော့​မှာ ဖြစ်ပါတယ်။
သတ်မှတ်ရက် ​ကျော်လွန်ရင် ကျန်အလုပ်သမား​တွေဟာ ထိုင်း​နိုင်ငံထဲ အ​ထောက်အထား​မဲ့​ ဝင်​ရောက်လာပြီး​ စာရင်း​ထဲကို ​ရောက်သွား​မှာ ဖြစ်တယ်လို့​ ​ကြေညာချက်မှာ ပါပါတယ်။
ဒီနိုင်ငံသား​စိစစ်​ရေး​ရုံး​တွေကို ထိုင်း​အစိုး​ရနဲ့​ မြန်မာအစိုး​ရတို့​ပူး​ပေါင်း​ပြီး​ ထိုင်း​နိုင်ငံက ဘန်​ကောက်၊​ စမွတ်စာကွန်၊​ ချင်း​မိုင်၊​ စမွတ်ပရာကန်နဲ့​ စူရတ်ဌာနီ စတဲ့​ ခရိုင် ၅ ခုမှာ တိုး​ချဲ့​ ဖွင့်​လှစ်ထား​ပြီလို့​ ဆိုပါတယ်။ ရုံး​တွေကို၂၀၁၂ ဇန်ဝါရီလမှာ စဖွင့်​တော့​မှာလည်း​ ဖြစ်ပါတယ်။
ခုလို မြန်မာနိုင်ငံသား​စိစစ်​ရေး​ရုံး​တွေ ထိုင်း​နိုင်ငံမှာ လာဖွင့်​ရာမှာ ​ဝေး​လံတဲ့​ ခရိုင်​တွေကို ​ပြောင်း​သွား​တဲ့​ အလုပ်သမား​တွေဟာ သူတို့​အရင်လုပ်ခဲ့​တဲ့​ ခရိုင်​တွေဆီ ပြန်သွား​ပြီး​ လက်​ဗွေနှိပ်ရမယ်လို့​ နယ်ကူး​ခွင့်​တောင်း​ရမှာနဲ့​ခရီး​စရိတ် အခက်အခဲ​တွေကို ကြုံရမှာ ဖြစ်ပါတယ်။
“အလုပ်သမား​တွေကိုယ်တိုင် အဲဒီရုံမှာသွား​ပြီး​ ကွန်ပြူတာလက်​ဗွေ နှိပ်ရမယ်ဆို​တော့​ ပထုံဝမ်က​နေပြီး​တော့​ မဟာချိုင်​ပြောင်း​လာတဲ့​လူရှိတယ်။ မဟာချိုင်က​နေပြီး​ ဘန်​ကောက် ​ပြောင်း​လာတဲ့​လူရှိတယ်။ ချင်း​မိုင်က​နေပြီး​ ဘန်​ကောက်​ပြောင်း​လာတဲ့​လူလဲရှိတယ်။ ဒီလူ​တွေ လုပ်ခဲ့​တဲ့​နေရာကို ပြန်သွား​ပြီး​ လက်​ဗွေနှိပ်ရမယ်ဆို​တော့​ အလုပ်သမား​တွေက ဘယ်လိုမှ အဆင်မ​ပြေဘူး​ ဖြစ်​နေတယ်။ တရား​ဝင် အလုပ်သမား​က​နေ တရား​မဝင်အလုပ်သမား​ ဖြစ်အာင်လုပ်တာနဲ့​ အတူတူပဲ။”
ခုလုပ်​ပေး​မယ့်​ နိုင်ငံသား​စိစစ်​ရေး​ ကတ်ပြား​အတွက် ထိုင်း​က လက်​ဗွေနှိပ်ခ ဘတ် ၁၅၀ ​ကောက်ခံမှာဖြစ်ပြီး​ မြန်မာအစိုး​ရဘက်ကလည်း​ နိုင်ငံကူး​လက်မှတ်အတွက် အီလက်ထ​ရောနစ် ကတ်ပြား​အဖြစ် ကျပ်​ငွေ တ​သောင်း​တိုး​မြှင့်​ ​ကောက်ခံသွား​မှာပါ။ အရင်က နိုင်ငံကူး​လက်မှတ်အတွက် မြန်မာအစိုး​ရက ကျပ်၅၀၀ ​ကောက်ခံခဲ့​တာဖြစ်ပါတယ်။
RELATED ARTICLES
- Advertisment -
Google search engine
Most Popular