ဟာဝိုင်အီကျွန်းရှိ မီးတောင် ထပ်မံပေါက်ကွဲ၊ ပြင်းထန်သည့်ချော်ရည်ပူများ ထွက် (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီကျွန်းမှာရှိတဲ့ ကီလောင်အေးယားမီးတောင်ဟာ မတ်လ ၉ ရက်နေ့က ထပ်မံပေါက်ကွဲပြီး ပြင်းထန်တဲ့ ချော်ရည်ပူတွေ ထွက်လာတယ်လို့ သိရပါတယ်။ ရဟတ်ယဉ်နဲ့ ရိုက်ကူးချက်အရ အဲ့ဒီချော်ရည်ပူတွေဟာ ပူအူအို ချော်ရည်အိုင်ထဲကို စီးဝင်ပြီးတဲ့နောက် ပုံသဏ္ဌာန်အမျိုးမျိုးဖွဲ့တည် အေးခဲသွားတာကို မြင်တွေ့ကြရပါတယ်။ အဲဒီမီးတောင်အနီးတဝိုက်မှာ နေထိုင်သူတွေရှိပေမယ့် ချော်ရည်ပူတွေကြောင့် ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိပါဘူး။ အဲဒီမီးတောင်ဟာ ၁၉၈၃ ခုနှစ်ကတည်းက စတင်ပေါက်ကွဲခဲ့ပြီး ချော်ရည်ပူတွေရဲ့ အပူချိန်ဟာ ၉၀၀ ဒီဂရီ စင်တီဂရိတ်ထက် ပိုပြီးပြင်းထန်ကြောင်း အမေရိကန်အစိုးရ ဘူမိဗေဒ တိုင်းထွာရေးဌာနကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up