Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင်သက်သေခံလက်မှတ်များ မတ်လ ၁၇ ရက်နေ့တွင် ထုတ်ယူနိုင်
ကိုမောင်
·
March 15, 2017
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်တွေဟာ မဲဆန္ဒရှင်သက်သေခံ လက်မှတ် တွေကို လာမယ့် မတ်လ ၁၇ ရက်နေ့ကျရင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်ရုံးတွေမှာ ထုတ်ယူနိုင်ပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မတ်လ ၁၄ ရက်နေ့က ကြေညာလိုက် ပါတယ်။ မတ်လ ၁၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ နေ့စဉ်မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ ထုတ်ပေးသွားမှာဖြစ်တဲ့အတွက် တစ်အိမ်ထောင်စု တစ်ယောက် လာရောက်ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲကျင်းပတဲ့ ဧပြီလ ၁ ရက်နေ့မှာ မဲဆန္ဒရှင်လက်မှတ်မပါရင်လည်း မဲစာရင်းမှာ အမည်ပါနေရင် မဲပေးခွင့်ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်မဲဆန္ဒရှင်လက်မှတ်တွေ ထုတ်ပေးတာဟာ မဲပေးပိုင်ခွင့်ရှိကြောင်းခိုင်လုံစေရန် မဲလက်မှတ်ထုတ်ပေးတဲ့အခါ လွယ်ကူလျင်မြန်စေရန် အချက်အလက်တွေမှားနေရင် ပြင်ဆင်နိုင်ဖို့နဲ့ ကော်မရှင်အနေနဲ့လည်း မဲစာရင်းအချက်အလက်မှားနေရင် ပြန်လည်ပြင်ဆင်နိုင်ဖို့အတွက်ဖြစ် ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024