ရုပ်ရှင်အကယ်ဒီမီဆုပေးပွဲအတွက် ရွှေကြိုမောင်မယ်များ လေ့ကျင့်နေ (ဓာတ်ပုံ)
DVB
·
March 15, 2017
၂၀၁၆ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲအတွက် ရွှေကြိုမောင်မယ်တွေ ကြိုတင် လေ့ကျင့်နေကြပါတယ်။
ရွှေကြိုမောင်မယ်တွေအဖြစ် အမျိုးသား ၁၀ ယောက် အမျိုးသမီး ၁၀ယောက် အားလုံးပေါင်း ၁၀ စုံတွဲရွေးချယ်ထားပြီး ရွှေကြိုတွေအတွက် သရုပ်ဆောင် မေသန်းနု၊ ဒါရိုက်တာ အိအိခိုင်၊ သရုပ်ဆောင် ခင်သန်းနွယ်၊ တက္ကသိုလ်ယဉ်ယဉ်လဲ့တို့က သင်ကြားပေးနေတာ ဖြစ်ပါတယ်။