Live
Home
မြန်မာသတင်း
ဈေးကွက်တွင်ရောင်းမည့်အသားများ၏ အရည်အသွေးစစ်ဆေးမှု အမေရိကန်ပညာရှင်များ ကူညီမည်
DVB
·
March 15, 2017
  ဈေးကွက်ထဲမှာ ရောင်းချမယ့် တိရစ္ဆာန်အသားတွေရဲ့ အရည်အသွေးကို စစ်ဆေးရာမှာ ပိုမိုတိကျတဲ့ အဖြေတွေ ရရှိစေဖို့ အမေရိကန် ပညာရှင်တွေက နည်းပညာသင်တန်းတွေ ပို့ချပေးသွားမယ်လို့ မြန်မာ့လယ်ယာနဲ့ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အကူအညီပေးနေတဲ့ Winrock International က ပြောပါတယ်။ သားသတ်ရုံတွေက အသားတွေကို စစ်ဆေးမှု ပြုလုပ်ရတဲ့ ဆရာဝန်တွေ အပါအဝင် အစားအသောက်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေကိုပါ သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ Winrock International က ဆက်ဆံရေးတာဝန်ခံ ဒေါက်တာသက်ခိုင်က ပြောပါတယ်။ အဲ့ဒီသင်တန်းကို အခု မတ်လ ၁၆ ရက်ကနေ ၁၈ ရက်အထိ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှာ ပြုလုပ်သွားမှာဖြစ်ပြီး တိရစ္ဆာန်ဆေးကုဆရာဝန်တွေ၊ အသားထုတ်လုပ်သူတွေနဲ့ အစားအသောက် ဘေးကင်းလုံခြုံရေး ဆောင်ရွက်နေသူတွေ တက်ရောက်သင့်တယ်လို့ ဆိုပါတယ်။ သတင်း - AMIA

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024