အင်ဒိုရဲတပ်ဖွဲ့ဝင်တဦးကို သတ်ဖြတ်မှုဖြင့် ဗြိတိန်နိုင်ငံသားကို ထောင်ဒဏ် ၆ နှစ် ချမှတ်

ဓာတ်ပုံ - ရိုက်တာ
အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှာ အင်ဒိုရဲတပ်ဖွဲ့ဝင်တဦးကို သတ်ဖြတ်မှုနဲ့ ဗြိတိန်နိုင်ငံသားတဦး ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရပါတယ်။ အသက် ၃၄ နှစ်အရွယ် ဗြိတိန်နိုင်ငံသား ဒေးဗစ်တေလာဟာ အင်ဒိုရဲတပ်ဖွဲ့ဝင်တဦးကို ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဘာလီမြို့ရဲ့ နာမည်ကျော် ကူတာကမ်းခြေမှာ ပုလင်းနဲ့ရိုက်ခဲ့တဲ့အတွက် သေဆုံးခဲ့တာပါ။ အသက် ၄၆ နှစ်အရွယ် တေလာရဲ့ မိန်းကလေးမိတ်ဆွေလည်း လူသတ်မှုနဲ့ စွဲချက်တင်ခံရပြီး သူ့ရဲ့အမှုကိုလည်း မကြာခင် ဆုံးဖြတ်မှာဖြစ်ပါတယ်။ သူတို့ ၂ ယောက်လုံးကတော့ ခုခံတာလို့ ထွက်ဆိုထားကြပါတယ်။ အစိုးရရှေ့နေတွေကတော့ ဆာရာ ကော်နာကို လူသေတဲ့အထိ အုပ်စုဖွဲ့ ရမ်းကားမှုဖြစ်စေမှုနဲ့ ထောင်ဒဏ် ၈ နှစ်ချမှတ်ဖို့ ကြိုးစားနေကြတာပါ။ ပြီးခဲ့တဲ့နှစ် သြဂုတ် ၁၆ ရက်နေ့က တေလာနဲ့ ကော်နာတို့ ကမ်းခြေမှာ လက်ကိုင်အိတ်ပျောက်လို့ နှစ်ယောက်ခွဲရှာဖွေကြခဲ့ကြတဲ့အချိန်မှာ တေလာနဲ့ အင်ဒိုရဲတပ်ဖွဲ့ဝင်တဦးတို့ အငြင်းအခုန် ဖြစ်ခဲ့ကြတာပါ။ နောက်တနေ့မနက်မှာ အင်ဒိုရဲတပ်ဖွဲ့ဝင်ဟာ ပုလင်း၊ မှန်ပြောင်းနဲ့ ရိုက်ခံရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရှိခဲ့ကြတာပါ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up