Home
မြန်မာသတင်း
လမ်းဘေးရပ်ပြီး အပေါ့သွားနေစဉ် ဆိုင်ကယ်ခိုးယူသွားသူများအား မိတ္ထီလာတွင် ဖမ်းမိ
DVB
·
March 14, 2017
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်း မြေသားလမ်းမှာ မတ်လ ၁၂ ရက်နေ့ မနက်က ဦးငယ် ခေါ် ဦးလှကျော်မှ အပေါ့သွားစဉ် ဆိုင်ကယ် နှစ်စီးနဲ့ လူသုံးယောက် ရောက်လာပြီး ဇက်သော့ရိုက်ချိုး ခိုးယူသွားတဲ့ ဆိုင်ကယ်ကို မိတ္ထီလာခရိုင် ဒုစရိုက်နှိမ်နင်းရေးအဖွဲ့က မိတ္ထီလာမြို့မှာ ဖမ်းမိခဲ့ပါတယ်။ မိတ္ထီလာခရိုင် ရဲအရာရှိ တင်ထွန်းအောင်က “သတင်းရရချင်း စောင့်နေတုန်း ခြေထောက်နဲ့ ကန်တွန်းလာကြတာကို တားပြီး စစ်ဆေးဖမ်းမိတယ်။ မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက်မှာနေတဲ့ ဂျိုကာ ခေါ် အောင်ဖြိုးစံကို မိပြီး စောပြည့်ဌေးကတော့ ထွက်ပြေးသွားတယ်။ ပြည်သာယာမှာ နေတဲ့ နောင်နောင် ခေါ် နောင်လင်းထက်လည်း ဖမ်းမိတယ်” လို့ ပြောပါတယ်။ ဆိုင်ကယ်ပိုင်ရှင် ဝမ်းတွင်းမြို့ ဘုရားစုရွာနေ ဦးငယ် ခေါ် ဦးလှကျော်က“ကျနော့်ဆိုင်ကယ်က MSX ဟွန်ဒါပါ။ အပေါ့သွားနေတုန်း သော့ရိုက်ချိုးသံကြားလို့ သူခိုးလို့ အော်တယ်။ မမီတော့ဘူး နီးရာဖုန်းတလုံးနဲ့ ဝမ်းတွင်း ရဲစခန်းကို ပြောရတယ်။ ဝမ်းတွင်းစခန်းက နယ်ထိန်းနဲ့ ရွာကလူတွေနဲ့ မိတ္ထီလာအထိ လိုက်ရတယ်”လို့ ပြောပါတယ်။ မိတ္ထီလာ အမှတ်-၂ ရဲစခန်းက ဆိုင်ကယ်ခိုးယူတဲ့ နောင်နောင် (ခ) နောင်လင်းထက်နဲ့ ဂျိုကာ (ခ) အောင်ဖြိုးစံ၊ စောပြည့်ဌေးတို့ကို ပြစ်မှု ပုဒ်မ ၃၇၉(ဆ) နဲ့  အမှုဖွင့်အရေးယူထားပါတယ်။ သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024