မိုးမောက်မြို့နယ် ၇ မိုင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား (သတင်းဓာတ်ပုံ)
DVB
·
March 14, 2017
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ၇ မိုင်ကျေးရွာမှာ မတ်လ ၁၃ ရက်နေ့က လူနေအိမ် တလုံး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
၇ မိုင်ကျေးရွာနေ ဦးဝမ်ဆိုင်းချွမ့်ရဲ့ နေအိမ်အပေါ်ထပ် အိပ်ရာပေါ်မှာ ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် သွပ်မိုး ထရံကာ ပျဉ်ခင်း ခြေတံရှည်နေအိမ်တလုံး မီးလောင်ဆုံးရှုံးသွားပါတယ်။ ဦးဝမ်ဆိုင်းချွမ့်ကိုတော့ မိုးမောက်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါတယ်။
သတင်း - ခင်ဆွေ(မော်လူး)