အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ မန်စီးတီးနဲ့ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ တော့တင်ဟမ် ဟော့စပါးစ်အသင်းတို့ ယှဉ်ပြိုင်ရမှာပါ။
အက်ဖ်အေဖလားပြိုင်ပွဲမှာ အောင်မြင်မှုအစဉ်အလာကြီးတဲ့ အာဆင်နယ်ကတော့ ၂၉ ကြိမ်မြောက်အဖြစ် ဆီမီးဖိုင်နယ်ကို တက်ရောက်သွားတာပါ။
မန်စီးတီးဟာ ၄ ရာသီအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အက်ဖ်အေဖလား ဆီမီးအဆင့်ကို တက်လှမ်းလာတာ ဖြစ်ပါတယ်။
ချဲလ်ဆီးနဲ့ စပါးစ်အသင်းတို့ကတော့ လန်ဒန်အခြေစိုက်အသင်းတွေ ဖြစ်ပါတယ်။
အက်ဖ်အေ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို လာမယ့် ဧပြီ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။