မန်ယူကို အနိုင်ယူပြီး ချဲလ်ဆီး အက်ဖ်အေဖလား ဆီမီးတက် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ ချဲလ်ဆီးက မန်ယူကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးက လူစုံထုတ် ကစားသွားပြီး မန်ယူက အဓိကတိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျ ပွဲပယ်တာနဲ့ ကျန်တိုက်စစ်မှူးတွေ ဒဏ်ရာကြောင့် မပါဝင်နိုင်လို့ လူငယ်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုခဲ့ပါတယ်။ ပွဲချိန် ၃၅ မိနစ်မှာ မန်ယူ ကွင်းလယ်လူ ဟာရဲရားရဲ့ ဖျက်ထုတ်မှုကြောင့် နှစ်ဝါ တနီနဲ့ အထုတ်ခံလိုက်ရပါတယ်။ အဲဒီနောက်ပိုင်း ချဲလ်ဆီးက မန်ယူဘက်ကို ဖိအားပေး ကစားနိုင်ခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။ ချဲလ်ဆီးအတွက် အနိုင်ဂိုးကို ကန်တီက အဝေးကနေ ကန်သွင်းပြီး ရယူခဲ့တာပါ။ ဒီပွဲမှာ တလုံးတည်းသောအနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ကန်တီကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ် အပိုင်နီးပါး ကန်ခွင့်ရပေမယ့်လည်း အဆုံးသတ်မသေချာလို့ ချေပဂိုးနဲ့ လွဲသွားရပါတယ်။ ဒီပွဲနိုင်တဲ့ ချဲလ်ဆီးက အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဖြစ် လာမယ့် ဧပြီ ၂၃ ရက်နေ့မှာ စပါးစ်အသင်းနဲ့ ဆုံရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up