Home
မြန်မာသတင်း
မိုးညှင်းမြို့နယ်တွင် ဘုရားဖူးယာဉ်တိမ်းမှောက်၊ ခရီးသည် ၃ ဦးသေဆုံး  
DVB
·
March 13, 2017
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာအနီး လွဲခန်းတောင်ခြေအဆင်းကွေ့ မြစ်ကြီးနား-မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ မတ်လ ၁၂ ရက် ညနေ ၄ နာရီခွဲကျော်အချိန်မှာ ယာဉ်တိမ်းမှောက်ခဲ့ပြီး အခင်းဖြစ်နေရာမှာ ၂ ဦး သေဆုံးပြီး ဆေးရုံမှာ ၁ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။ ကသာမြို့အနီး ရွာများမှ အင်းတော်ကြီး ရွှေမဉ္ဇူဘုရားပွဲ ဘုရားဖူးသူ ၃၈ ယောက်နဲ့ ယာဉ်မောင်းအပါအဝင် ခရီးသည်မှာ ၃၉ ယောက်တင်ဆောင်လာတဲ့ ဘုရားဖူးကားဟာ လွဲခန်းတောင်ခြေအဆင်းကွေ့မှာ တိမ်းမှောက်ခဲ့ပြီး ဘုရားဖူးခရီးသည် ၃ ယောက် သေဆုံးခဲ့တာပါ။ သေဆုံးသူတွေဟာ ကသာမြို့နယ် နောင်ပိန်းရွာနေ မောင်ပြည့်စုံအောင် (၁၈-နှစ်)၊  နောင်ပိန်းရွာနေ ဒေါ်ချောပို (၆၀- နှစ်)၊ ကသာ ရွာသစ်ကျေးရွာနေ အောင်ကျော်မင်း  (၂၅-နှစ်)တို့ ဖြစ်ပြီး ယာဉ်မောင်းနဲ့ အမျိုးသမီး ၂ ယောက်တို့သာ ထိခိုက်မှုမရှိဘဲ ကျန်ခရီးသည်တွေအားလုံး မိုးညှင်းခရိုင် ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် တက်ရောက်ကုသနေရပါတယ်။ လူသေဆုံးအောင် ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်းသန့်ဇင်ထွန်းကို အမှတ် ၁၀၁ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးမြင့်မိုးမှ တရားလိုပြုလုပ် တိုင်တန်းပြီး မိုးညှင်းမြို့မရဲစခန်းက ယာဉ်(ပ)၉/၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄/က/၃၃၇/၃၃၈  နဲ့ အမှုစစ်အဖြစ် မော်ဟန် ရကစမှူး ရဲအုပ်စိုးဝင်းမှ စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - မုန်းမုန်းမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024