၆၈ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ တပေါင်းလပြည့်နေ့ကို တောင်ကြီးမြို့တွင် ကျင်းပ
DVB
·
March 13, 2017
၆၈ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ တပေါင်းလပြည့်နေ့ကို တောင်ကြီးမြို့မှာ မတ်လ ၁၂ ရက်နေ့က စည်ကားစွာ ကျင်းပပြုလုပ်ပါတယ်။ သူရိယစန္ဒာမင်း မွေးဖွားခဲ့တဲ့ တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် ပအိုဝ်းတိုင်းရင်းသားတွေက သတ်မှတ်ကြတာပါ။
ခေတ်စနစ် မပွင့်လင်းချိန်မှာ ပအိုဝ်းအမျိုးသားပွဲတော် ဆိုပြီး အလှူအတန်းနဲ့ ပြုလုပ် ကျင်းပပြီး ခေတ်စနစ်ပွင့်လင်းလာတဲ့အချိန်မှာ ပအိုဝ်းအမျိုသားနေ့လို့ ကျင်းပလာကြတာဖြစ်ပါတယ်။
ပအိုဝ်းအမျိုးသားနေ့မှာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်တွေက လူအင်အား ထောင်ပေါင်များစွာနဲ့ အလှူပဒေသာပင်ကို ဗိုလ်ချုပ်အောင်ဆန်းလမ်းတလျောက် လှည့်လည်ခဲ့ပါတယ်။
ဒါ့အပြင် တောင်ကြီးမြို့ ပအိုဝ်းဘက်စုံ ဖွံ့ဖြိုးရေးကွင်းမှာလည်း ဘောလုံးပြိုင်ပွဲ၊ ယဉ်ကျေးမှုအက ပြိုင်ပွဲ၊ အဆို အတီး ပြိုင်ပွဲတွေလည်း ပြုလုပ်ကြပါတယ်။ တပေါင်းလပြည့် ပအိုဝ်း အမျိုးသားနေ့ကို မြန်မာနိုင်ငံအနှံ့ ပအိုဝ် တိုင်းရင်းသား နေထိုင်ရာ ဒေသတွေအပြင်၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ ကိုရီးယားနဲ့ အမေရိကန်နိုင်ငံရောက် ပအိုဝ်းတိုင်းရင်းသားတွေလည်း ပအိုဝ်အမျိုးသားနေ့ကို ကျင်းပကြပါတယ်။
သတင်း - ခွန်ရာဇာ