Home
မြန်မာသတင်း
မိုင်းရယ်တွင် ဘုရားပွဲသွား ထော်လာဂျီမှောက်၊ ကလေး ၁ ဦးသေဆုံး၊ ၁၉ ဦး ဒဏ်ရာရ
နန်းမြနဒီ
·
March 13, 2017
  ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်ထဲမှာ ယမန်နေ့ တပေါင်းလပြည့်နေ့က ဘုရားပွဲသွားတဲ့ ရွာသားတွေ စီးနင်းလိုက်ပါလာတဲ့ ထော်လာဂျီယာဉ်တစီး တိမ်းမှောက်ပြီး ကလေးတဦးသေဆုံးပြီး လူ ၁၉ ဦးဒဏ်ရာရသွားပါတယ်။ မိုင်းရယ်မြို့နယ် ဟင်လမ်၊ ၀မ်ပန် နဲ့ ကုန်းနယုစတဲ့ရွာက ရွာသားတွေဟာ လားရှိုးမြို့နယ် မိုင်းပိုင်ရွာ ဘုရားပွဲသွားပြီး အပြန်လမ်း မိုင်းရယ်မရောက်ခင် ၄ မိုင်အလို တာပေါက်ရွာအနီးမှာ ယာဉ် မတော်တဆမှုဖြစ်ပွားတာလို့  မိုင်းရယ်မြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် အမတ် ဦးစိုင်းသီဟကျော်က ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်က မိုင်းရှူးကနေအပြန်ပေါ့။ မနက် ၁၁ နာရီလောက်မှာ တာပေါက်ရွာနားရောက်တော့ ထော်လာဂျီတွဲကား လမ်းဘေးက လယ်ကွင်းထဲမှာ တိမ်းမှောက်နေလို့ သွားပြီးကူညီခဲ့ရပါတယ်။ သူတို့ ဘုရားပွဲ သွားပြီး အပြန်မှာ ဒီလိုထိခိုက်မှုကြုံရတာ၊   ဟင်လမ်ရွာက အသက် ၇ နှစ်ရွယ် အေးခေါင်ဆိုတဲ့ ကလေးမလေး ပွဲချင်းပြီးဆုံးတယ် ၊ ဒဏ်ရာရတဲ့သူက ၁၉ ယောက်၊ ဒဏ်ရာပြင်းတဲ့ ၆ ယောက်ကို ကျနော်ကားနဲ့ တင်လာပြီး မိုင်းရယ်ပြည်သူ့ဆေးရုံကို ပို့ပေးခဲ့တယ်၊ ကျန်တဲ့လူတွေသယ်ဖို့ မိုင်းရယ်သာရေးနာရေးကူညီမှုအသင်းနဲ့ ကျနော်တို့ပါတီဝင်တွေဆီ ဖုန်းဆက်အကြောင်းကြားတော့ သူတို့လည်း ရောက်လာပြီး လူနာတွေသယ်သွားကြတယ်။ ဒဏ်ရာရတဲ့ထဲမှာ ၂ ယောက်က လက်ကျိုးတယ်၊ နောက်တယောက်က အတွင်းကြေပုံစံဖြစ်နေလို့ အတွင်းလူနာအနေနဲ့ ဆေးရုံမှာ ဆက်နေရမယ်၊ ကျန်တဲ့လူတွေတော့ ပေါက်ပြဲဒဏ်ရာတွေချုပ်ပေးပြီး၊ ဆရာဝန်က ဆေးထည့်ပြီး ပြန်လို့ ရပြီပြောလို့ ကျနော်လည်း ကားခငွေ ၅ သောင်းကူပေးပြီး ပြန်ပို့လိုက်တယ်။” အခင်းဖြစ်တဲ့အချိန်က မိုးတဖွဲဖွဲရွာနေပြီး နေရာကလည်း  လမ်းကျဉ်းတဲ့အတွက်  ချော်ပြီးမတော်တဆ တိမ်းမှောက်သွား တာဖြစ်နိုင်တဲ့အကြောင်းနဲ့ လယ်ကွင်းဟာ ကားလမ်းအောက် လူတရပ်စာလောက် နိမ့်နေတာကြောင့် အရှိန်ပြင်းပြီး ခရီးသည်တွေ ထိခိုက်သေဆုံးကြတာလို့ ဆိုပါတယ်။ ရှမ်းပြည်နယ်  ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ဟမ်းငိုင်းရွာကနေ မိုင်းကိုင်ကို အစိုးရစစ်စာမေးပွဲ သွားဖြေမယ့် ကျောင်းသားတွေစီးလာတဲ့ ထော်လဂျီတစီး တိမ်းမှောက်ပြီး ဒရိုင်ဘာရော ကျောင်းသူေ ကျာင်းသားပါ ၅ ဦးပွဲချင်းပြီး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဓာတ်ပုံ - Sai Hak  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024