ထူးခြားဆန်းပြားသည့် အသွင်သဏ္ဌာန်ဖြင့် ပျံသန်းသည့် အံ့သြဖွယ်ရာ ဆက်ရက်အုပ်စု (ရုပ်သံ)

အင်္ဂလန်နိုင်ငံ ကင်းဘရစ်ခ်ျရှိုင်းယားကောင်တီမှာ ဆက်ရက်တွေရဲ့ အံ့သြဖွယ်ရာ သဘာဝဖြစ်ရပ်ကို ငှက်စောင့်ကြည့်သူတဦးက အမိအရ ရုပ်သံမှတ်တမ်း ရိုက်ခဲ့ပါတယ်။ “ဒါက တကယ့်ငှက်အုပ်စု အကြီးကြီးတခုပါ။ နေ့အလင်းရောင် မှိန်လာတဲ့အချိန်မှာ သူတို့ စတင်ပြီး ဒီလို ထူးခြားဆန်းပြားတဲ့ အသွင်သဏ္ဌာန်တွေနဲ့ ပျံသန်းပါတယ်” လို့ ဒီလို ငှက်တွေပျံသန်းတာကို ရုပ်သံမှတ်တမ်းတင်ထားတဲ့ အယ်လ်ကစ်တ်ချင်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ သဘာဝဗီဇတွေအကြောင်း ရေးသားပြီး ဓာတ်ပုံမှတ်တမ်းတင်သူ ကစ်တ်ချင်ကို သူ့ရဲ့သူငယ်ချင်းတဦးက သူရုပ်သံမရိုက်ကူးခင် တညက အလားတူပုံစံမျိုး ဆက်ရက်တွေ ပျံသန်းတယ်လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် ကစ်တ်ချင်က ဒီလို အလားတူပျံသန်းမှုမျိုး မြင်ရဖို့ ဆက်ရက်တွေ ပထမနေ့က ပျံသန်းခဲ့တဲ့နေရာကိုပဲ သွားခဲ့တာလို့ ဆိုပါတယ်။ “ကျနော် အရင်က သိပ်ထူးထူးခြားခြားမဟုတ်တဲ့ ပျံသန်းမှုမျိုးကို ၂ ကြိမ်လောက်မြင်ဖူးပါတယ်။ ဒီတစ်ကြိမ်ကတော့ တကယ့်ထူးခြားမှုပါပဲ” လို့ ကစ်တ်ချင်က ပြောပါတယ်။ ငှက်များကာကွယ်စောင့်ရှောက်ရေး တော်ဝင်အသိုင်းအဝန်း (RSPB) ရဲ့ အပြောအရ ကျွဲဆက်ရက်တွေရဲ့ တတွတ်တွတ်မြည်သံ သဘာဝဖြစ်စဉ်ဆိုတာ ကောင်းကင်အထက်မှာ ငှက်ထောင်သောင်းပေါင်းများစွာ ထိုးဆင်းလာကာ ပတ်ချာလည် လှည့်လည်ပျံသန်းတာဖြစ်တယ်လို့ သိရပါတယ်။ သတ္တဝါတွေကြီးတွေရဲ့ ရန်က ကာကွယ်နိုင်ပြီး လုံခြုံမှုရှိဖို့နဲ့ အနွေးဓာတ်ရဖို့ စတာတွေအပါအဝင် အကြောင်းများစွာကြောင့် ဆက်ရက်တွေ ဒီလိုပျံသန်းတယ်လို့ RSPB အင်တာနက်စာမျက်မှာ ရေးသားထားပါတယ်။ တချို့နေရာတွေမှာ ဒီသဘာဝဖြစ်စဉ်ဖြစ်တဲ့ ဆက်ရက်တွေ အစုလိုက် ထိုးဆင်းပတ်ချာလည် ပျံသန်းတာဟာ ဆက်ရက်ကောင်ရေပေါင်း ၁ သိန်းဝန်းကျင်လောက်ထိ ဖြစ်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up