ဟံသာဝတီဦးဝင်းတင်ရဲ့ ၈၇ နှစ်မြောက် မွေးနေ့ ကျင်းပ (ဓာတ်ပုံ)
DVB
·
March 12, 2017
ဟံသာဝတီဦးဝင်းတင်ရဲ့ ၈၇ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်၊ သံဈေးပလာဇာရှိ Yangon Book Plaza မှာ ဒီနေ့ပြုလုပ်ခဲ့ပြီး ဘယ်သူလဲဟဲ့ ဦးဝင်းတင် ဆိုတဲ့ စာပေဆွေးနွေးပွဲတခုလည်း ပါဝင်ပါတယ်။
အန်အယ်လ်ဒီပါတီ စတင် တည်ထောင်သူတဦးဖြစ်တဲ့ သတင်းစာဆရာ စာရေးဆရာ ဦးဝင်းတင်ဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ ဧပြီ ၂၁ ရက်မှာ ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။