ဦးကိုနီနှင့်ဦးနေ၀င်း လုပ်ကြံခံရမှု ရက် ၄၀ ပြည့်အခမ်းအနား ကျင်းပ
DVB
·
March 12, 2017
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ရှေ့နေ ဦးကိုနီနဲ့ တာဝန်သိ အငှားယာဉ်မောင်း ဦးနေ၀င်းတို့ လုပ်ကြံသတ်ဖြတ်ခံရတဲ့ ရက် ၄၀ ပြည့် အထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံဆုတောင်းပွဲနဲ့ အောက်မေ့ဂုဏ်ပြုပွဲအခမ်းအနားကို မတ်လ ၁၁ ရက်နေ့ ညနေ ၄ နာရီက ရန်ကုန်မြို့ သခင်မြပန်းခြံ မြက်ခင်းပြင်မှာ ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနဲ့ တာဝန်ရှိသူတွေ၊ ဘာသာကြီး ၄ ခုက ဘာသာရေးခေါင်းဆောင်တွေနဲ့ မိသားစုဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
အဲဒီအခမ်းအနားမှာ အဖွဲ့ချုပ် နာယက ဦးတင်ဦးက အမှာစကားပြောကြားခဲ့ပြီး လုပ်ကြံသတ်ဖြတ်မှုကို ဖော်ထုတ်ဖို့ ကြန့်ကြာနေတဲ့အပေါ် ဝေဖန်ပြောကြားခဲ့ပါတယ်။