မိချောင်းအုပ်စုနှင့် မျောက်အုပ်စု တိုက်ပွဲ (ရုပ်သံ)

ခွေးနဲ့ မျက်နှာဆင်တဲ့ အာဖရိက မျောက်ကြီးမျိုးဖြစ်တဲ့ ဘာဘွန်း မျောက်တွေဟာ မျောက်ဝံအမျိုးအနွယ်မိသားစုက ပေါက်ဖွားလာတာပါ။ ရုပ်သံဗွီဒီယိုထဲမှာတော့ မိချောင်းတွေနဲ့ ဘာဘွန်းမျောက်ကြီးတွေရဲ့ တကယ့်တိုက်ခိုက်နေတာကို တွေ့မြင်ရမှာပါ။ ဘာဘွန်းမျောက်တွေက မိချောင်းတွေရဲ့ အနီးအနားမှာပဲ အစာရှာဖွေနေကြပါတယ်၊ မိချောင်းတစ်ကောင်က ဘာဘွန်းမျောက်ကြီးတစ်ကောင်ရဲ့ ခေါင်းကို လှမ်းဆွဲကိုက်ခဲထားစဉ်မှာ ကိုက်ခဲခံထားရတဲ့ မျောက်ကြီးက မိချောင်းပါးစပ်ထဲက ခေါင်းလွတ်သွားအောင် အကြိတ်အနယ် ကြိုးစားရုန်းကန်နေသလို အခြားမျောက်တစ်ကောင်ကလည်း အတင်းဆွဲထုတ်ပြီး လွတ်အောင် ကူညီပေးနေတာကို ရုပ်သံထဲမှာ မြင်ရမှာပါ။ အံ့သြစရာကောင်းလောက်အောင်ပဲ ဦးခေါင်းတစ်ခုလုံး ခဲခံထားရတဲ့ ဘာဘွန်းမျောက်ကြီးက သူရဲ့ဦးခေါင်းကို မိချောင်းပါးစပ်ထဲကနေ ထုတ်နိုင်ခဲ့ပြီး လွတ်မြောက်သွားခဲ့ပါတယ်။ ရုပ်သံထဲမှာ မြင်ရသလောက် အခြားဘာဘွန်းမျောက်ကြီးတွေဟာလည်း မိချောင်းတွေကို အကြောက်အလန့်မရှိဘဲ ချည်းကပ် အစာလေ့ရှိကြပြီး သူတို့ကို မိချောင်းတွေ လှမ်းဆွဲတဲ့ အချိန်မှာ လွတ်မြောက်အောင် စွမ်းဆောင်နိုင်သလို လိုအပ်လာရင် ဘာဘွန်းမျောက်တွေကလည်း မိချောင်းတွေကို ပြန်လည်တိုက်ခက်တတ်တာကို ရုပ်သံအတွင်း တွေ့မြင်ရမှာပါ။ ဘာဘွန်းတွေဟာ အပင်နဲ့ အသား ၂ မျိုးလုံးစားတဲ့ သတ္တဝါတွေဖြစ်ပြီး ရုပ်သံရဲ့ အခြားမြင်ကွင်းတွေထဲမှာ ဘာဘွန်းတွေနဲ့ ကျားသစ်၊ မြွေ စတဲ့ သတ္တဝါတွေ တိုက်ခိုက်တာတွေကိုလည်း တွေ့မြင်ရမှာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up