Home
မြန်မာသတင်း
ကျောက်မဲတွင် လူသေအလောင်း တွေ့ရှိ
DVB
·
March 12, 2017
ရှမ်း(မြောက်) ကျောက်မဲမြို့ (၂) ရက်ကွက် နယ်မြေ (၁၀) မှာ မတ်လ ၁၀ ရက်နေ့ မနက် ၆ နာရီခွဲမှာ  အပုတ်နံ့ထွက်နေတဲ့ လူသေအလောင်းတလောင်း တွေ့ရှိခဲ့ပါတယ်။ “သူက မူးယစ်ဆေးသားကောင်ဖြစ်နေတယ်။ သူ့မိသားစုတွေ ကူညီခဲ့ပေမယ့် အဖတ်ဆယ် မရလို့ ပြီးခဲ့တဲ့ ၂ နှစ်တုန်းက ကွဲသွားတာ။ အဲဒါကို သူ့ဆွေမျိုးတွေဆီ သူစားဖို့ လိုက်လံတောင်းစားပြီးတော့ သူတို့မူးယစ်ဆေးသမား အချင်းချင်း ပေါင်းပြီးနေကြတယ်။ အခုသူသေတဲ့ အိမ်က သူများအမွေရထားတဲ့အိမ် ဘယ်သူမှ မငှားဘဲ ပစ်ထားတာ။ သူလည်း အဲမှာဆေးသုံးရင်းနဲ့ သေသွားတာထင်တယ်။ အပုတ်နံ့ ထွက်မှပဲ သိတာ။” လို့ သေဆုံးသူရဲ့ အစ်ကိုဖြစ်သူ ကိုဇော်လေးက ပြောပါတယ်။ “သူ့မှာ မိန်းမနဲ့ ကလေး ၂ ယောက်ရှိတယ်။ မိန်းမကတော့ တရုတ်ပြည်မှာ အလုပ်သွားလုပ်နေ တယ်။ ကလေး တယောက်က ကျောင်းတက်နေတယ်။ တယောက်က ငယ်သေးလို့ မထားသေးဘူး” လို့ ဆက်ပြောပါတယ်။ အမှုကို သေခင်းအမှုနဲ့ ဖွင့်ထားပြီိးတော့ ဆေးစစ်ချက်ယူပြီးတော့ မနေ့က သဂြိုဟ်လိုက်တယ်။ မူးယစ်ဆေးဝါးတွေကိုလည်း ရဲဘက်ကနေပြီးတော့ ဆက်လက်ဖမ်းဆီးနေပါတယ်လို့ ဒုရဲအုပ် ဇင်မင်းထွန်းက ပြောပါတယ်။ “မူးယစ်ဆေးဝါးတွေက တဖြည်းဖြည်းများလာတယ်လို့ ကြားနေရတယ်။ မူးယစ်ဆေးဝါး သုံးစွဲလာပြီဆိုရင် မိသားစုတွေအားလုံး စိတ်ဆင်းရဲရတယ်။ အဲမူးယစ်ဆေးဝါးတွေ တဖြည်းဖြည်း ထပ်များလာမယ်ဆိုရင် အင်မတန်စိုးရိမ်စရာ ဖြဖြစ်လာပါတယ်။” နိုင်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024