ချင်းသမိုင်းဆိုင်ရာ ဆွေးနွေးပွဲ ရန်ကုန်မြို့တွင် ကျင်းပ
DVB
·
March 11, 2017
ချင်းသမိုင်းဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်က ချင်းအေဂျင်စီရုံးမှာ မတ်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ အောက်ချင်းစာပေတိုက်က ထုတ်ဝေတဲ့ အရှိုချင်းသမိုင်းစာအုပ်ကို မိတ်ဆက်ပြီး မြေပြန့်အရှိုချင်းသမိုင်းနဲ့ ဆက်နွှယ်နေတဲ့ ရခိုင်ပြည်နယ်ဘက်ကချင်း လူမျိုးတွေ၊ တောင်ပေါ်ချင်းလူမျိုးတွေနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာတွေကို အဲဒီစာအုပ်ရေးသားထားသူ ကိုယ်တိုင် ဆလိုင်းဒါဝိဒ်က ဆွေးနွေးခဲ့ပါတယ်။