ဟာသမြောက်ခဲ့သည့် ဘီဘီစီက ပရော်ဖက်ဆာတဦးကို တွေ့ဆုံမေးမြန်းခန်း (ရုပ်သံ)

တွေ့ဆုံမေးမြန်းခန်း ပြုလုပ်စဉ်အတွင်း ကလေးတွေဝင်လာလို့ ဘီဘီစီသတင်းဌာနမှ ပရော်ဖက်ဆာ တဦးကို တွေ့ဆုံမေးမြန်းခန်းဟာ ဟာသမြောက်ခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတ သတင်းနဲ့ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံ ပူဆန်နေရှင်နယ် တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံနဲ့ သံတမန်ဌာနမှ ဒေသဆိုင်ရာ ကျွမ်းကျင်သူ  မစ္စတာရောဘတ်ကယ်လီကို ဘီဘီစီက တိုက်ရိုက်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားသမ္မတ ပတ်ဂျုံဟီးကို အာဏာကနေ အတင်းဖယ်ခိုင်းခဲ့ရတဲ့ ကိစ္စ စတာတွေ မေးမြန်းပြီး တိုက်ရိုက်ရုပ်သံ ထုတ်လွှင့်နေခဲ့တာပါ။ တိုက်ရိုက်ထုတ်လွှင့်တဲ့ တွေ့ဆုံမေးမြန်းခန်းရဲ့ အလယ်လောက်မှာ ပရော်ဖက်ဆာရဲ့ သမီးလေးက အခန်းတံခါးဖွင့် ဝင်လာခဲ့ပြီး ဖခင်ရဲ့ထိုင်ခုံအနားထိလာက ဖခင်နားကပ်ဖို့ ကြိုစားခဲ့တာပါ။ ပရော်ဖက်ဆာက မေးခွန်းတွေကို ဖြေကြားရင်း သမီးလေးကို အနားမလာဖို့ အသာအယာ တွန်းဖယ်ခဲ့ရပါတယ်။ ကလေးရဲ့ ယုံကြည်မှုရှိရှိနဲ့ ဖခင်အနားမှာ ဆက်လက်နေနေတဲ့ အမူအယာက ချစ်စဖွယ်ကောင်းနေပြီး ရယ်ချင်စရာဖြစ်စေခဲ့ပါတယ်။ အဲဒီလို ပရော်ဖက်ဆာ အခက်တွေ့နေချိန် နောက်ထပ် ဟာသဖြစ်စရာက လက်တွန်းလှည်းထဲ ထိုင်နေတဲ့ လသားအရွယ် ကလေးတယောက်က တွန်းလှည်းရဲ့အကူအညီနဲ့ အခန်းထဲကို ထပ်မံဝင်လာချိန်မှာတော့ ကြည့်နေရတဲ့သူတွေ မပြုံးပဲ မနေနိုင်တော့ပါဘူး။ ကလေးတွေရဲ့ မိခင်က အခန်းထဲ ကမန်းကတန်း ဝင်လာပြီး ကင်မရာမှာ မပေါ်အောင် ထိုင်လျက်နဲ့ ကလေးတွေကို ကသောကမျော ထုတ်သွားတဲ့ မြင်ကွင်းကို မြင်ရတဲ့ အချိန်ဟာလည်း တကယ့်ကို ဟာသမြောက်တဲ့ မြင်ကွင်းပါ။ ပရော်ဖက်ဆာက အနည်းငယ် စိတ်ရှုပ်တဲ့ အမူအယာနဲ့ တွေ့ဆုံမေးမြန်းသူကို တောင်းပန်ရင်း မေးခွန်းတွေကို အစပိုင်းမှာ ထစ်ငေါ့ပြီး အဆုံးသတ်ထိ ဖြေဆိုသွားခဲ့တာကို ရုပ်သံထဲမှာ တွေ့မြင်ရမှာပါ။ ဘီဘီစီ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up