လောက်ကိုင်နှင့်ကုန်းကြမ်းမြို့တို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်
DVB
·
March 11, 2017
လောက်ကိုင်မြို့နယ်နဲ့ ကုန်းကြမ်းမြို့နယ်တို့မှာ မတ်လ ၁၀ ရက် ကစတင်ပြီး ည ၉ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ-၁၄၄ ထုတ်ပြန်လိုက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မှာ ပြီးခဲ့တဲ့အပတ်ကစပြီး တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပြီး ဒုက္ခသည်တွေလည်း ထောင်သောင်းချီ ထွက်ပြေးတိမ်ရှောင်နေရပါတယ်။