ဧရာဝတီတိုင်းထွက် ဆန်များ အာဆင်းနစ်ဓာတ်ပါဝင်မှုကြောင့် ပြည်ပပို့ရန် ခက်ခဲ
DVB
·
March 11, 2017
ဧရာဝတီတိုင်းဒေသကြီးအတွင်းက ထွက်ရှိတဲ့ ဆန်တွေမှာ အာဆင်းနစ်ဓာတ်တွေ ပါဝင်နေတာ ကြောင့် အာဖရိကနိုင်ငံတွေကို တင်ပို့ရောင်းချရာမှာ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ကုန်သည်တွေ ပြောဆိုကြ ပါတယ်။
လတ်တလောမှာတော့ အာဆင်းနစ်ဓာတ် လျော့ကျစေဖို စပါးကနေ ဆန်ထုတ်တဲ အဆင့်တိုင်းမှာ အရည်အသွေးတွေကို စီစစ်နိုင်ဖို့ နယ်သာလန်နိုင်ငံအခြေစိုက် စိုက်ပျိုးရေးပညာရှင်တွေရဲ့ အကူအညီနဲ့ ဓာတ်ခွဲမှုတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့ ဧရာဝတီတိုင်း ဒေသကြီး ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (ARCCI)ရဲ့ ဥက္ကဌ ဦးဝင်းမြင့်လှိုင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံကနေ အင်ဒိုနီးရှားနိုင်ငံကို တင်ပို့ခဲ့တဲ့ ဆန်တွေထဲမှာ ပိုးသတ်ဆေးဓာတ်ကြွင်းတွေ ပါဝင်နေတာကို စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် နိုင်ငံတွင်းကို တင်သွင်းခွင့်မပြုပဲ ဆိပ်ကမ်းမှာ လပေါင်း များစွာ ပိတ်ပင်ခံရမှု ဖြစ်ပေါ်ခဲ့ ပါသေးတယ်။
ဧရာဝတီတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံမှာ ဆန်စပါးအများဆုံးထွက်ရှိတဲ့ ဒေသတခု ဖြစ်ပါတယ်။