ကိန်း၊ ဟာဇက်နှင့် ဂွါဒီယိုလာတို့ ဖေဖော်ဝါရီလအတွက် အကောင်းဆုံးဆုများရရှိ

ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုများကို စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်း၊ မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာနဲ့ ချယ်လ်ဆီးတောင်ပံကစားသမား ဟာဇက်တို့ အသီးသီးဆွတ်ခူးခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ  စတုတ်စီးတီးကို ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သောပွဲမှာ ဟက်ထရစ်သွင်းယူခဲ့တာအပါအ၀င် ဖေဖော်ဝါရီလအတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ ၄ ဂိုးသွင်းယူခဲ့တာကြောင့် တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့တာပါ။ မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာကတော့  ဖေဖော်ဝါရီလအတွင်းကစားခဲ့တဲ့ ၀က်စ်ဟမ်း၊ ဆွမ်ဆီး၊ ဘုန်းမောက်တို့ရဲ့ ပွဲစဉ်တွေမှာ  နိုင်ပွဲရယူခဲ့တာကြောင့်   အကောင်းဆုံးနည်းပြဆုအား ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ဒုတိယမြောက်ဂိုးကို  လှလှပပသွင်းယူခတဲ့ ဟာဇက်ကလည်း ဖေဖော်ဝါရီလရဲ့ အကောင်းဆုံးသွင်းဂိုးဆုအား ရရှိခဲ့ကြောင်းသိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up