ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
March 9, 2017
မတ်ပဲ
ဘုရင့်နောင်မှာ ပြည်ပကို အဓိက တင်ပို့နေတဲ့ မတ်ပဲကတော့ ဈေးဆက်လက်တက်နေပြီး ဒီနေ့မှာ ငွေကျပ် ၃၉၀၀၀ ထိ ဈေးတက်လာပါတယ်။ ဒီနေ့ ပေါက်ဈေးကတော့ ၁၁၀၀၀၀ ဖြစ် ပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံဟာလည်း မတ်ပဲနည်းတူပါပဲ။ ဒီနေ့မှာ ငွေကျပ် ၂၅၀၀ ထိ ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးကတော့ ၇၉၆၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကလည်း ဒီနေ့မှာတော့ ငွေကျပ် ၁၅ ကျပ် တက်လာပြီး ဒီနေ့ပေါက်ဈေးက ၁၉၆၅ ကျပ် ရှိနေပါတယ်။
ကုလားပဲ
ကုလားပဲလုံးကတော့ ဒီနေ့ပေါက်ဈေးက တစ်ပိဿာကို ငွေကျပ် ၂၂၀၅ ရှိပြီး ၂၅ ကျပ် ဈေး ကျဆင်းသွားပါတယ်။
စားအုန်းဆီ
မန္တလေးကုန်စည်ဒိုင်မှာ တော့ စားအုန်းဆီ ဟာ ၁၉၃၀ ကျပ် ရှိပြီး ၁၀ ကျပ်ဈေး ကျဆင်း သွားပါတယ်။
မကျည်းတောင့်
ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ မကျည်းတောင့်ဟာ တစ်ပိဿာကိုငွေကျပ် ၁၄၃၀ ကျပ် ပေါက်ဈေးရှိပြီး ငွေကျပ် ၆၅ ကျပ်ဈေးတက်လာပါတယ်။
ရွှေသခွား
မူဆယ်ကုန်စည်ဒိုင်မှာတော့ ရွှေသခွားအမျိုးအစားဟာ ဈေးတက်လာပါတယ်။တစ်တန်ကို ရှစ်သိန်း ခြောက်သောင်းလေးထောင် ပေါက်ဈေးရှိနေပြီး ငွေကျပ် ၉၆၀၀၀ ဈေး တက် လာပါတယ်။
ဖရဲသီး
ဖရဲသီး ၈၅၅ ကလည်း ဒီနေ့မှာ တစ်တန်ကို ငွေကျပ် ၃၈၄၀၀၀ ပေါက်ဈေးရှိနေပြီး သုံးသောင်းရှစ်ထောင်လောက် ဈေးတက် လာပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေဟာ အချိန်နဲ့ အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA