Home
မြန်မာသတင်း
ကျောင်းထိုင်ဘုန်းကြီးက ၈ နှစ်အရွယ်မိန်းကလေးငယ်ကို မုဒိမ်းကျင့်မှုဖြစ်ပွား
DVB
·
March 9, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ကနဲအုပ်စု၊ ကျွန်းဖျားကျေးရွာရှိ အသက် ၇၅ နှစ်အရွယ် သီရိမင်္ဂလာ ကျောင်းထိုင်ဆရာတော်က အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက မတ် ၉ ရက်နေ့မှာ ဒီဗွီဘီကို ပြောပါတယ်။ "ကျောင်းထိုင်ဆရာတော်က ဦးစန္ဒာဝရ၊ အသက် ၇၅ နှစ်၊ ဝါ ၄၀ ရှိပြီ။ ငယ်ဖြူပါ။ လူနာမည် ဦးစိန်ရပါ။ ကျနော်ကြားရသလောက် ဖြစ်နေတာ ၂ လလောက်ရှိပြီထင်တယ်။ ဒီနေ့မှ ကလေးကပြောမှ သိရတာလို့ ပြောတယ်။" အရွယ်မရောက်သေးတဲ့ ကလေးငယ်ကို သားမယားပြုကျင့်မှုနဲ့ပတ်သက်ပြီး မိခင်ဖြစ်သူက ကနီမြို့မရဲစခန်းမှာ တရားလိုပြု အမှုဖွင့်တိုင်တန်းခဲ့တာလို့ ဆိုပါတယ်။ ကနီမြို့မရဲစခန်းက ကလေးငယ်ကို ဆေးစစ်ချက်အဖြေရယူပြီးနောက် ကျောင်းထိုင်ဆရာတော်ကို မြို့နယ် လဝက၊ သာသနာရေးဦးစီးဌာန၊ သံဃာနာယကအဖွဲ့ဝင် ဆရာတော် ၂ ပါးတို့ရှေ့မှာ လူဝတ်လဲ ဖမ်းဆီးပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ကနီမြို့မရဲစခန်းက သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024