ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် အလုပ်သမားတန်းလျား မီးလောင် (ရုပ်သံ)
DVB
·
March 9, 2017
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၀ပ်ကစ်ရပ်ကွက် ထုန့်ဟိုတိန်းလမ်းသွယ် အမှတ် ၄ ရှိ အလုပ်သမားစခန်း မှာ ဒီကနေ့ ညနေ ၃ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တွေ လာရောက်ငြိမ်းသတ်ရာမှာ ၃ နာရီ မိနစ် ၁၇ မိနစ်မှာ မီးညွန့်ကျိုးပြီး အဆောင် ၂ ခု မီးလောင်ဆုံးရှုံးသွားတယ်လို့ cm 108 ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မီးလောင်ရတဲ့အကြောင်းရင်းနဲ့ အဆိုပါအလုပ်သမားတန်းလျားမှာ ဘယ်နိုင်ငံက အလုပ်သမားတွေ နေတယ်ဆိုတာ ဖော်ပြထားခြင်းမရှိပါဘူး။