Home
မြန်မာသတင်း
လာမည့်ဘဏ္ဍာနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနက ကျပ်သန်း ၂၃၈၅ ကျော်ဖိုး ဆေးဝါးဝယ်ယူမည်
DVB
·
March 9, 2017
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆေးဝါးဝယ်ယူဖို့ ကျပ်သန်းပေါင်း ၂၃၈၅ ဒသမ ၀၃ သုံးစွဲသွားမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ “ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ တစ်နိုင်ငံလုံးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆေးဝါးဝယ်ယူဖို့အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေ ၂၃၈၅ ဒသမ ၀၃ သုံးစွဲမှာဖြစ်ပါတယ်”လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါတ်တာမြင့်ထွေးက ဆိုပါတယ်။ မတ်လ ၉ ရက်နေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၇ ရက်မြောက် နေ့မှာ မွန်ပြည်နယ် ရေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်ထွန်းခိုင်ရဲ့ ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေကြားစဉ်မှာ ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့တာပါ။ ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ထိရောက်စွာဆောင်ရွက်နိုင်ဖို့အတွက် လက်ရှိ ဘဏ္ဍာနှစ်မှာလည်း ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ကြီးကြပ် ၂ အယောက်သုံးထောင် ခန့်အပ်သွားမယ်လို့ ပြောပါတယ်။ သတင်း - အောင်ဆန်းဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024