Home
မြန်မာသတင်း
ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုမှု ယခင်နှစ်ထက် ဖြေဆိုသူ နည်းပါး
DVB
·
March 9, 2017
ချင်းပြည်နယ် ဟားခါးမြို့မှာ ၂၀၁၆-၁၇ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူ နည်းပါးတယ်လို့ ဟားခါးမြို့နယ် ပညာရေးမှူး ဦးစံကျုံးက ပြောပါတယ်။ “ကျောင်းသားဖြေဆိုတာ နည်းတာကတော့ အပြောင်းအရွှေ့ များသွားလို့ ဖြစ်တာပါ။ ကျန်တာတော့ ထူးထူးခြားခြား မရှိပါဘူး။ ဒီနှစ် ပထမဆုံးဖြေတာလည်း အခြေအနေ အေးအေးဆေးဆေး ဖြစ်ပါတယ်။” ဟားခါးမြို့မှာ အခြေခံပညာ အထက်တန်းကျောင်း လေးကျောင်းရှိပြီး အထက(၁)၊ အထက(၂)၊ အထက(၃) သုံးကျောင်းကို စာဖြေဌာနသတ်မှတ်ပေးထားပြီး ယခုနှစ်မှာ ကျောင်းသားဦးရေ ၂၀၇၆ ဦးပဲ ဖြေဆိုတယ်လို့ သိရပါတယ်။ "စာမေးပွဲဖြေဆိုသူ နည်းတာက ကျမအထင်တော့ မနှစ်က သဘာဝဘေးဒဏ် ခံစားရတဲ့ အတွက်ပါမယ်။ သဘာဝဘေးဒဏ်ကြောင့် နေရာပြောင်းရတဲ့ မိသားစု များတယ်" လို့ ဟားခါးမြို့နေ မရေဗက္ကာ က ပြောပါတယ်။ ယခင်ပညာသင်နှစ် ၂၀၁၄-၂၀၁၅ ခုနှစ်က ဟားခါးမြို့မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၂၁၁၀ ကျော်ရှိခဲ့ပြီး ယခုနှစ်ဖြေဆိုသူများထဲမှာ ကျောင်းသားဦးရေထက် ကျောင်းသူဦးရေ များပြားနေပြီး စုပေါင်း ဖြေဆိုသူ ၂၀၇၆ ဦးမှာ ကျောင်းသား ၈၃၇ ဦး ကျောင်းသူဦးရေ ၁၂၃၉ ရှိနေပါတယ်။ သတင်း - မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024