အင်္ဂလန်ကစားသမားများ အပြောင်းအရွှေ့တန်ဖိုး ဈေးကြီးဟု ဂွါဒီယိုလာ ပြော

ဓာတ်ပုံ - ရိုက်တာ
အင်္ဂလန်ကစားသမားတွေနဲ့ မန်စီးတီးအသင်းကို တည်ဆောက်ချင်ပေမယ့် အပြောင်းအရွှေ့တန်ဖိုးက ဈေးကြီးနေတယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ ဘာစီလိုနာအသင်းကို နည်းပြနေစဉ်ကတည်းက အင်္ဂလန်ကစားသမားတွေကို ခေါ်ယူဖို့ ချိတ်ဆက်ဖူးတယ်လို့ ဂွါဒီယိုလာက ဆိုပါတယ်။ ဒါပေမယ့် အင်္ဂလန်ကစားသမားတွေကို ခေါ်ယူလိုပေမယ့် အပြောင်းအရွှေ့မှာ ဈေးကြီးလွန်းတာကြောင့် စပိန်မှာ ခေါ်ကစားဖို့ မဖြစ်နိုင်ဘူးလို့လည်း ဂွါဒီယိုလာက ဆိုပါတယ်။ မန်စီးတီးအသင်းဟာ နွေရာသီအပြောင်းအရွှေ့တုန်းက အင်္ဂလန်နောက်ခံလူ ဂျွန်စတုန်းအတွက် ပေါင် ၄၇ ဒသမ ၅ သန်းအထိ ပေးချေ ခေါ်ယူထားပြီး အသင်းလူစာရင်းမှာ အင်္ဂလန်ကစားသမား ၅ ဦးပဲ ပါဝင်နေတာပါ။ လက်ရှိ မန်စီးတီးအသင်း လူစာရင်းမှာ စတာလင်၊ ဂျွန်စတုန်းနဲ့ ဖေဘီယန်ဒဲဖ်တို့ ပါဝင်နေပေမယ့် အသင်းရဲ့ အကယ်ဒမီက ပေါ်ထွက်လာတဲ့ အင်္ဂလန်ကစားသမားက နောက်ခံလူ တိုဆင်နဲ့ အရန်ဂိုးသမား အမ်ဂတ်စ်ဂန်းတို့ ၂ ဦးပဲ ရှိတာပါ။ အနာဂတ်မှာတော့ အကယ်ဒမီတွေကနေ အင်္ဂလန်ကစားသမားကောင်းတွေ ပေါ်ထွက်လာဖို့ အကူအညီ ပေးသွားမယ်လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up