အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ စစ်တွေတွင် ကျင်းပပြုလုပ်
DVB
·
March 8, 2017
ဒီကနေ့ မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို စစ်တွေမြို့ ဦးဥတ္တမပန်းခြံမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို လူမှုဝန်ထမ်းဦးစီးဌာနနဲ့ နိုင်ငံတကာအဖွဲ့ အစည်းဖြစ်ကြတဲ့အန်ဂျီအိုတွေက ပူးပေါင်းပြီးကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ရခိုင်ဒေသအတွင်းမှာ အမျိုးသမီးအလုပ်အကိုင်အခွင့်အရေးတွေ ရရှိစေရေးအပါအဝင် အမျိုးသမီးတွေ အိမ်တွင်းအသက်မွေးဝမ်းကျောင်းသင်တန်းတွေ ပြုလုပ်ပေးနေမှုအမျိုးသမီးတွေ လူကုန်ကူးခံရနေမှု အခြေအနေ ကျေးလတ်ဒေသတွေမှာ ရပ်ရွာအခြေပြုလုပ်ငန်းတွေအစီစဉ်တွေဆောင်ရွက်နိုင်ရေးတို့ ဆွေးနွေးခဲ့ကြပါတယ်။
ဒီကနေ့မှာကျရောက်တဲ့ အပြည့်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ကျားမတန်းတူအခွင့်အရေးရရှိရေးနဲ့ ရည်ရွယ်ပြီး ပျော်ပွဲရွင်ပွဲတွေကိုလည်း ထည့်သွင်းကျင်းပခဲ့ကြပါတယ်။
သတင်း - ဝဏ္ဏခွာညို၊ ဓာတ်ပုံ - RPL