Home
မြန်မာသတင်း
ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
March 8, 2017
မတ်ပဲ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြည်ပကို အဓိက တင်ပို့နေတဲ့ မတ်ပဲက ဒီနေ့မှာ ငွေကျပ် ၂၉၀၀၀ ဈေးထပ် တက်လာပြီး ဒီနေ့ပေါက်ဈေးက ၁၇၀၁၀၀၀ ကျပ် ရှိနေပါတယ်။ ပဲစင်းငုံ ပဲစင်းငုံဟာလည်း ဒီနေ့မှာ ငွေကျပ် ၁၆၀၀၀ ဈေးတက်လာပြီး ဒီနေ့ပေါက်ဈေးကတော့ ၇၇၁၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။ ပဲတီစိမ်း ပဲတီစိမ်းကတော့ တပတ်လုံးနီးပါး ဈေးငြိမ်နေရာကနေ ဒီနေ့မှာတော့ တစ်ပိဿာ ကို ငွေကျပ် ၃၀ နီးပါးဈေးတက်လာပြီး ဒီနေ့ပေါက်ဈေးက ၁၉၅၀ ကျပ် ရှိနေပါတယ်။ နှမ်းနက် (စမုံ) မန္တလေးကုန်စည်ဒိုင်မှာတော့ နှမ်းနက် (စမုံ) ဟာ တစ်အိတ်ကို ငွေကျပ် ၃၀၀၀ ဈေးကျဆင်းသွားပြီး ဒီနေ့ပေါက်ဈေးက ၁၃၅၀၀၀ ကျပ်ဖြစ်ပါတယ်။ မကျည်းတောင့် ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ မကျည်းတောင့် ဟာ တစ်ပိဿာကိုငွေကျပ် ၁၃၆၅ ကျပ် ရှိပြီး ၂၅ ကျပ် ဈေးတက်လာပါတယ်။ စားအုန်းဆီ မုံရွာကုန်စည်ဒိုင်မှာတော့ စားအုန်းဆီတစ်ပိဿာ ငွေကျပ် ၁၉၉၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို တစ်ဆယ်ကျပ် ဈေးကျသွားပါတယ်။ ရွှေသခွား မူဆယ်ကုန်စည်ဒိုင်မှာ ရွှေသခွားအမျိုးအစားဟာ တစ်တန်ကို ၆၇၂၀၀၀ ကျပ် ကနေ ၇၆၈၀၀၀ ကျပ်ဈေးရှိနေပြီး တစ်တန်ကိုငွေကျပ် ၁၅၀၀၀ နီးပါး ကျဆင်းသွားပါတယ်။ ဖရဲသီး ဖရဲသီး ၈၅၅ ကတော့ ဒီနေ့ ပေါက်ဈေးက တစ်တန်ကို ၃၄၅၆၀၀ ကျပ် ပေါက်ဈေးရှိနေပြီး အပြောင်းအလဲ မရှိပါဘူး။ အခုဖော်ပြသွားတဲ့ ဈေးနှုန်းတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲမှုတွေရှိနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024