ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်

နှလုံးခွဲစိတ်ကုသမှုခံယူထားတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်မှုရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။ ရန်ကုန်မြို့၊ မြန်မာနိုင်ငံဆရာဝန်အသင်းမှာ မတ်လ ၈ ရက်နေ့က ပြုလုပ်တဲ့ ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားမှာ ဒီဗွီဘီကို အခုလိုပြောဆိုသွားတာပါ။ “တိုးတက်ကောင်းမွန်နေပါတယ်။ အရမ်းအခြေနေကောင်းပါတယ်။ သတ်မှတ်ထားတဲ့ ရက်အတိုင်း ကျန်းမာကောင်းမွန်လာနိုင်ပါတယ်။” လို့ ပြောပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ မွေးရာပါ နှလုံးအဆို့ရှင် မလုံခြင်းနဲ့ဆိုင်တဲ့ သွေးကြောမကြီး ကြီးနေတဲ့အတွက် မတ်လ ၅ ရက်နေ့မနက်က ရန်ကင်းကလေးဆေးရုံကြီးမှာ ခွဲစိတ်ကုသမှုခံယူထားရပါတယ်။ ဝန်ကြီးချုပ် ကျန်းမာရေးကုသနေချိန် ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ခေတ္တဝန်ကြီးချုပ်အနေနဲ့ ယာယီတာဝန်ယူထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up