မြင်းခြံမြို့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပထမဆုံးနေ့ မြင်ကွင်း (ဓာတ်ပုံ)
DVB
·
March 8, 2017
မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဒီကနေ့ စတင်ဖြေဆိုကြရာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ကျား ၁၉၃၀ ဦး၊ မ ၂၅၇၅ ဦး၊ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၄၅၀၅ ဦး ဝင်ရောက်ဖြေဆိုနေကြပါတယ်။
မြင်းခြံမြို့ပေါ် စာစစ်ဌာန ၅ ခု၊ ဆီမီးခုံကျေးရွာနဲ့ ထနောင်တိုင်ကျေးရွာတို့မှာ စာစစ်ဌာန ၂ ခု၊ စုစုပေါင်း စာစစ်ဌာန ၇ ခုမှာ စာမေးပွဲဖြေဆိုကြရမှာဖြစ်တယ်လို့ မြင်းခြံမြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ကျ ဆရာမတဦးက ပြောပါတယ်။
သတင်း၊ ဓာတ်ပုံ - ရီရီထွန်း (မြင်းခြံ)