Live
Home
မြန်မာသတင်း
သာစည်မြို့နယ်၊ ရွှေတောင်ကျေးရွာတွင် မီးကြွင်းမီးကျန်မှ နေအိမ် ၂ လုံး မီးလောင်
DVB
·
March 7, 2017
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဝက်သိုးကျေးရွာအုပ်စု၊ ရွှေတောင်ကျေးရွာမှာ မတ်လ ၇ ရက် မနက် ၁ နာရီခန့်မှာ ဦးကျော်လှိုင် နေအိမ် အလုပ်သမား နားနေဆောင် ပျဉ်ခင်းမီးဖို မီးကြွင်းမီးကျန်မှ ထရံကို မီးကူးစက်လောင်ခဲ့ရာ သွပ်မိုး ထရံကာ နေအိမ်နောက်တလုံးပါ ကူးပြီးလောင်ခဲ့ပါတယ်။ သာစည်မြို့နယ် မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းမှ “သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၄၅ ဦး၊ မီသတ်ကား ၃ စီး၊ ရေဂါလန် ၁၄၀၀ ကျော် သုံးခဲ့ရတယ်။ ဆုံးရှုံးမှုတန်ဖိုး ၃၅၀၀၀ ကျပ် ရှိတယ်။ ၁၅ မိနစ်လောက် မီးငြှိမ်းလိုက်ရတယ်” လို့ ပြောပါတယ်။ “ဝမ်းတွင်းမြို့နယ်နဲ့ သာစည်နယ်စပ်မှာရှိတဲ့ ရွာပါ။ ဝမ်းတွင်းဘက်က မီးသတ်ကား ၂ စီး သွားရတယ်။ ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး”လို့ ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးမှူးက ပြောပါတယ်။ မီးပေါ့ဆစွာ သုံးစွဲသူ ဦးကျော်လှိုင်ကို သာစည်မြို့နယ် ဟံဇားရဲစခန်းမှ (ပ)၉/၂၀၁၇ မီးပေါ့ဆပြစ်မှု ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားပါတယ်။ သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024