Homeအနုပညာ
Father & Son ပန်းချီပြပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကား ၅၀ ကျော် ရောင်းချခဲ့ရ (ဓာတ်ပုံ)
Father & Son ပန်းချီပြပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကား ၅၀ ကျော် ရောင်းချခဲ့ရ (ဓာတ်ပုံ)
DVB
·
March 7, 2017
ရန်ကုန်မြို့ ၃၅ လမ်း အလယ်ဘလောက်ရှိ River Ayeyarwaddy ပန်းချီပြခန်းမှာ ပြုလုပ်တဲ့ Father & Son ပန်းချီပြပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားတွေ ရောင်းချခဲ့ရပါတယ်။
ပန်းချီဆရာ ထင်လင်းနိုင်နဲ့ သားဖြစ်သူ ဟန်လင်းအောင်တို့ရဲ့ Father & Son ပန်းချီပြပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ပုံတူ ပန်းချီကားပေါင်း ၅၀ ကျော် ရောင်းခဲ့ရတာပါ။
ရောင်းချရတဲ့ ပန်းချီကား အများစုဟာ ၁၄ လက်မ x ၁၈ လက်မအရွယ် ပန်းချီကားတွေဖြစ်ပြီး တချပ်ကို ကျပ် ၅ သောင်းနဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။
ပြပွဲမှာ သားအဖနှစ်ယောက်ရဲ့ ရှုခင်းပုံ၊ တိုင်းရင်းသားပုံတူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတူ ပန်းချီကားပေါင်း ၉၀ ကျော် ပြသခဲ့ပါတယ်။
ဖခင် ထင်လင်းနိုင်ရဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေဟာ လက်ရာမြောက်သလို သားဖြစ်သူ ဟန်လင်းအောင်ရဲ့ ပန်းချီကားတွေကလည်း ရသမြောက်တယ်လို့ ပြပွဲလာသူတွေက မှတ်ချက်ပြုထားပါတယ်။
အဲဒီပန်းချီပြပွဲကို မတ်လ ၄ ရက်နေ့ကနေ ၆ ရက်နေ့ထိ ပြုလုပ်ခဲ့ပါတယ်။
သတင်း - သားကြီးမောင်ဇေယျ