Live
Home
မြန်မာသတင်း
မိုးညှင်းမြို့ မြို့ရှောင်လမ်းအနီး ဥယျာဉ်ခြံတွင် မိုင်းတွေ့ရှိ
DVB
·
March 7, 2017
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ မြို့ရှောင်လမ်းအနီး၊ အောင်သပြေအုပ်စု ဥယျာဉ်ခြံမှာ မိုင်းတလုံး တွေ့ရှိခဲ့တယ်လို့ မိုးညှင်းရဲစခန်းမှ သိရပါတယ်။ ဖြစ်စဉ်မှာ မတ်လ ၅ ရက်နေ့ ညနေ ၂ နာရီခန့်မှာ အောင်သပြေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနော်လာမှ အောင်သပြေအုပ်စု၊ မြို့ရှောင်လမ်းအနီး ဥယျာဉ်ခြံအတွင်း မိုင်းတွေ့ရှိတယ်လို့ အကြောင်းကြားလာတာကြောင့် ဒုခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝေ၊ ခရိုင်မှုခင်းနှိမ်နှင်းရေးမှ ရဲအုပ်မြင့်သူနဲ့အဖွဲ့၊ မြို့မ ရဲစခန်းမှူးနဲ့အဖွဲ့တို့က သွားရောက်စစ်ဆေးခဲ့ကြပါတယ်။ မိုးညှင်းမြို့ အောင်သပြေရပ်နေသူ ဦးခင်မောင်အေးက မိုင်းစတင်တွေ့ရှိပြီး မြစ်ကြီးနား-မန္တလေး ကားလမ်းမကြီး၊ မိုးညှင်းမြို့ရှောင်လမ်း အရှေ့ဘက် ၁ မိုင်ခန့်က ဥယျာဉ်ခြံမှာ မနက် ပေါင်းနုတ်ရှင်းလင်းရာက ပြန်လာချိန်မှာ ဒေါ်နန်တောင် ပိုင်ဥယျာဉ်အတွင်းမှာ မီးလောင်ထားတဲ့ နှစ်ပင်လိမ်အဝါရောင် ဝါယာကြိုး ၃ ပေခန့် တပ်ဆင်လျက် ကြွပ်ကြွပ်အိတ် အနက်ရောင်နဲ့ ပတ်ထားတဲ့ အရှည် ၉ လက်မ၊ လုံးပတ် ၈ လက်မ ခန့် မိုင်းတလုံး တွေ့ရှိခဲ့တာကြောင့် သစ်ရွက်တွေနဲ့အုပ်ထားခဲ့ပြီး သားဖြစ်သူမှတဆင့် အုပ်ချုပ်ရေးမှူး ဦးနော်လာဆီကို သတင်းပေးပို့ခဲ့တာပါ။ မိုင်းတွေ့ရှိရာနေရာကို တာဝန်ရှိသူတွေက စစ်ဆေးပြီး ညနေ ၅ နာရီမှာ ခလရ (၁၅) မှ တပ်ရေးဗိုလ်ကြီးက ၉၀၄ တပ်နယ်ကို သတင်းပေးပို့ခဲ့ပြီး ၎င်းမှတဆင့် မပခ ကို အကြောင်းကြားပြီး မိုင်းကို ပေါက်ကွဲမှုမဖြစ်အောင် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ သတင်း - မုန်းမုန်းမင်း

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024