အိမ်နီးချင်း၏ ဒရုန်းယာဉ်အသံကို သည်းမခံနိုင်သဖြင့် သေနတ်ဖြင့်ပစ်သည့် အမျိုးသမီး (ရုပ်သံ)

အမေရိကန်နိုင်ငံမှ အမျိုးသမီးတဦးဟာ သူ့ရဲ့ ဥယျာဉ်ခြံပေါ် ဖြတ်မောင်းနေတဲ့ အိမ်နီးချင်းရဲ့ ဒရုန်းယာဉ်ဆူညံသံကို သည်းမခံနိုင်တဲ့အတွက် ခဲလုံးနဲ့ပစ်ပေါက်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဝါရှင်တန်ဒီစီ၊ ဘဲလ်ဗျူးမြို့မှာ ဖြစ်ခဲ့ပြီး အဲဒီဒရုန်းယာဉ်ဟာ အမျိုးသမီးရဲ့ အိမ်ဥယျာဉ်ခြံဝင်းအပေါ်မှာ ဝဲနေခဲ့တာကို တွေ့ရပါတယ်။ အဲဒီလိုပျံဝဲနေပြီး စက္ကန့်ပိုင်းလောက် အကြာမှာတော့ အမျိုးသမီးဟာ ထွက်လာခဲ့ပြီး ခဲနဲ့ ၂ ကြိမ် ပစ်ပေါက်ခဲ့တာပါ။ ဒါပေမယ့် ပစ်မှတ်ကို လွဲချော်ခဲ့တဲ့အတွက် အိမ်ထဲကိုပြန်ဝင်ပြီး ထွက်အလာမှာတော့ သေနတ်တလက် ပါလာခဲ့တာကို တွေ့ရပါတယ်။ သူဟာ သေနတ်နဲ့ ချိန်ပစ်ခဲ့ပေမယ့် ဒရုန်းယာဉ်ကို ထိသလား၊ မထိခဲ့ဘူးလား ဆိုတာကိုတော့ မသိနိုင်ပါဘူး။ အမေရိကန်နိုင်ငံမှာ ဒရုန်းယာဉ်တွေကို ရောင်းချကတည်းက ရည်ရွယ်ချက်အမျိုးမျိုး ပါဝင်နေတာဖြစ်ပြီး ကစားစရာတွေအဖြစ်၊ တောတွင်း သားရိုင်းတိရစ္ဆာန် စောင့်ကြည့်လေ့လာရေးအဖြစ် အမျိုးမျိုး အသုံးပြုနေကြတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up